Friday, March 28, 2008

ချစ်တယ်

Friday, March 28, 2008 0
မင်းဘ၀လေးကို
ပိုင်ဆိုင်နိုင်မှမဟုတ်ဘူး
အဝေးကမှိုင်ကာနေရလဲ
ချစ်တာပါပဲ
မင်းရှေ့မှာဖွင့်ဟခွင့်ရမှမဟုတ်ဘူး
စွန့်သွားရမယ်ဆိုလဲ
ချစ်နေမှာပဲ
ဒီကမ္ဘာကြီး ပျက်သုန်းတောင်
မင်းမုန်းနေဦးမယ်ဆိုရင်လဲ
နောင်ဆယ်သက်
ငါချစ်နေမြဲပါပဲ ..

သူငယ်ချင်းချစ်သူ

ခံစားချက်တွေဘောင်ခတ်
ငါတို့သတ်မှတ်ချက်က
သူငယ်ချင်းပါတဲ့
ခံစားချက်တွေရှန်ထွက်
ငါ့တဖက်သတ်က
တိတ်တခိုးလေးပါပဲ
ငါ့ကိုယ်ငါဆည်းတား
ဟန်ဆောင်တံတိုင်းတွေ
ကာရံလို့ထား
သံရောဇဉ်ဆိုတဲ့ ဒီကြိုး
ရစ်ပတ်ကာတိုး
၅၂၈ ထက်ပိုနေလို့
ဘယ်အညှိုးနဲ့ ဆိုးခဲ့တာလဲ
ကံကြမ္မာရယ် .. ။

???????

အသိအမှတ်ပြုခြင်းမခံရတဲ့
ငါ့ရင်ခုန်ခြင်းတွေ
ကမ်းလင့်ခြင်းမခံရတဲ့
ငါ့လက်တွေ
ကြင်နာခြင်းမခံရတဲ့
ငါ့မျက်ဝန်းတွေ
မြိုသိပ်ခဲ့ရတဲ့
ငါ့နှုတ်ခမ်းတစုံ
အရာရာဟာ အဆီးအတား
မလှပတဲ့ ပတ်ဝန်းကျင်ကြား
ငါအသက်ရှင်ခဲ့ရခြင်းဟာ
ကံကြမ္မာရဲ့ လှည့်ကွက်တွေလား ?

Monday, March 24, 2008

မင်းကိုကြည့်နေရရင်

Monday, March 24, 2008 0
ကိုယ်ဟာ လမင်းပျောက်မှ
နေရာရတဲ့ ကြယ်ပွင့်လေးပါ
တခါတရံ အနိုင်ယူတတ်တဲ့
တိမ်ညိုတွေရဲ့ ရက်စက်မှုကြောင့်လဲ
ပျောက်ကွယ်ခဲ့ရစမြဲပေါ့
မင်းဟာ ..
လမင်းကိုမှ မြတ်နိုးတယ်ဆိုရင်
ကိုယ်ဟာ ..
မင်းကိုမြင်နေရဖို့
လနားကကြယ်လေးပဲ
ဖြစ်ချင်တော့တယ်
ဒါမှမဟုတ် တိမ်ညိုတွေကိုမှ
တွယ်တာချင်တယ်ဆိုရင်လဲ
တစိတ်တဒေသမင်းကိုမြင်နေရဖို့
တိမ်ညိုနောက်က ကြယ်ပွင့်လေးပဲ
ဖြစ်ပါရစေတော့ ..
ချစ်သူရယ် .. ။

ရိုးသားဖြူစင်တဲ့ အချစ်

မာယာတွေသုံးကာ
နှလုံးသားကို တခဏအတွင်း
ခြွေယူသွားနိုင်တဲ့ အသုံးအနှုန်းမျိုး
ငါမဆိုတတ်ပါ ချစ်သူ ..
ဟန်ဆေင်ကာကြည့်တဲ့
ရင်ခုန်သံကို တခဏအတွင်းမြန်စေမဲ့
ရီဝေညှို့ငင်နိုင်တဲ့ မျက်ဝန်းပိုင်ရှင်
ငါမဟုတ်ပါ ချစ်သူ..
ပကာသနတွေနဲ့ တန်ဆာဆင်
တခဏအတွင်း သိမ်းသွင်း
စွဲမက်စေခြင်း အပြုံးမျိုး
ငါမပြုံးပြတတ်ပါ ချစ်သူ ...
(တကယ်တော့)
ငါ့မှာရှိတာ မင်းကိုမစွဲဆောင်နိုင်တဲ့
ဖြူစင်တဲ့" အချစ် "
ကြင်နာသော " မျက်ဝန်း "
ချိုမြိန်တဲ့ " အပြုံး " တွေပါပဲ .. ။

Sunday, March 23, 2008

စွန့်သွားမှာစိုးတယ်

Sunday, March 23, 2008 0
မျက်ဝန်းတွေနဲ့ .. ငြှို့ငင်
နှုတ်ဖျားတွေနဲ့ ဖြားရောင်း
သနားစရာ အမူအရာကောင်းတို့ဖြင့်
ငါ့နှလုံးသားကို တခဏလေးအတွင်းမှာ ..
အပိုင်သိမ်းသွား ခဲ့သူရေ ..
တနေ့နေ့မှာတော့
အသစ်မဖြစ်တော့လဲ
အဟောင်းအဖြစ်
တပါးရင်ခွင်ထဲ
မစွန့်ပြစ်လိုက်နဲ့နော် ...

ငါအမြတ်နိုးဆုံး .. အမုန်းလိပ်ပြာ

အမုန်းလိပ်ပြာ ..
အတိမာန ပကတိအလှနဲ့
ငါ့နားမှာ ကုစား
အကြိမ်ကြိမ် ၀ဲပျံကာ
မင်းရဲ့စွဲဆောင်ချက်ကတော့
ရင်ကိုလောင်ကျွမ်း ..
အလွမ်းတဲ့လေ ...


အမုန်းလိပ်ပြာ ..
ဟန်ဆောင်ချစ်ပန်း
ဘာကြောင့်ဆင်မြန်း
အတွေးခက်ခက် အဆွေးသက်သက်ဖြင့်သာ
မင်းပျော်ရွှင်ဖို့အတွက် ငါပေးဆပ်ခဲ့တာ
ရင်ထဲက ဒဏ်ရာတွေက
သက်သေပါ ...

အမုန်းလိပ်ပြာ ..
ဇာတ်လမ်း၏နိဂုံး
အမုန်းဖြင့်ဆုံးအောင်
တမင်ရည်ရွယ်
မင်းကျည်စယ်ခြင်းက
နာကျင် ဒဏ်ရာရင်မှာရခဲ့
ထာဝရ အတွက်ပဲလေ ...

အမုန်းလိပ်ပြာ ..
ငါ့နှလုံးသားမှာ အမှတ်ယနေအောင်
အမုန်းတွေချန်ထား
အဝေးထွက်သွားခဲ့ချိန်
နောင်တဆိုတာ ငါမသိ
မင်းတယောက်ကိုပဲ ဘ၀အဆက်ဆက်
မြတ်နိုးနေချင်မိတယ် .. ။

မင်းလေးသိအောင်

မင်းကိုချစ်ကြောင်း
မင်းသိအောင်
စာစီကုံးကာ ကဗျာဖွဲ့ဖွဲ့
စာနွဲ့နွဲ့လေးတွေနဲ့
ရေးမပြတတ်ပေမဲ့
နှုတ်ခမ်းပါးလေးတွေ
မျက်ဝန်းအနားလေးတွေနဲ့တော့
ပြောပြပါရစေ
ချစ်သူရေ .. ။

ခွဲခွါခြင်း .. ဒဏ်ရာ

အစကတည်းက
မဆုံဆည်းခဲ့ကြရင်
ခွဲခွါခြင်းဆိုတဲ့ ဝေဒနာမျိုး
ရင်ကိုတိုးမိမှာမဟုတ်ဘူး ..
လေရူးတိုက်ရာ
ယိုင်သွားတတ်တဲ့
အသည်းမျိုးမဟုတ်တော့
မမြင်နိုင်တဲ့ ဒဏ်ရာတွေဟာ
အမှတ်တယ ကြားမှာ
တဆစ်ဆစ်နာနေမိတယ် ..။

Saturday, March 22, 2008

တိုးတိတ်တမ်းတ

Saturday, March 22, 2008 0
ဟန်ဆောင်ကာမုန်း
ရှောင်ပုန်းခဲ့ရပေမဲ့
နောက်ကွယ်မှာတော့
တိုးတိတ်တမ်းတ
လွမ်းနေရပါတယ်
မောင် .. ။

ရင်ခုန်ခြင်းရဲ့ အခြားတဖက်

ငါ့ရင်ခုန်သံတွေကို
နားထောင်ကြည့်ပါ
အဲ့ဒိရင်ခုန်ခြင်းရဲ့ အခြားတဖက်မှာ
ဘာများရှိနိုင်မယ်လို့
မင်းထင်သလဲ
ပြောပါ ချစ်သူ
အချိန်တွေကြာလဲ မပြောင်းလဲ
နေ့သစ်တွေထဲ ရှင်သန်နေမဲ့
မင်းသာပိုင်ဆိုင်ချင်တယ်ဆို
အချိန်မရွး ပေးဆပ်နိုင်မဲ့
ငါ့ " အချစ် " ရှိတယ် ။

အစကတည်းက

ငါ့ကိုတွေ့ရင်
မတုန်မလှုပ်
ကျောက်ရုပ်အလား
ငေးမောကြည့်နေတာ
မျက်ဝန်းသက်သက်
ခံစားချက်လား
ပြောပါ .. ချစ်သူ


လမ်းမှာဆုံတော့
ခေါင်းကိုငုံ့ကာ
မာယာမျက်နှာဘေးက
မာနသက်သက်
ခံစားချက်လား
ဆိုပါ .. ချစ်သူ

နာကြင်စေအောင်
တမင် ရည်ရွယ်
တကယ်မချစ်ခဲ့ရင်လည်း
တဖက်သားကို
စိတ်တွေလှုပ်ရှား
ခံစားရအောင်
အစကတည်းက
မျက်ဝန်းတွေနဲ့
မဖြားရောင်းပါနဲ့လား ?
ချစ်သူရယ် .. ။

အိပ်မက်

ကြယ်ရောင်တွေတောက်
လရာင်အောက်မှာ
ချစ်သူနှစ်ဦး
ပြုံးပျော် .. ကြည်နူးရလည်း
ကြယ်ရောင်တွေပျောက်
အာရုဏ်ရောက်ကာ
နိုးထချိန်မှ ..
အိပ်မက်ဆိုတာ
သိခဲ့ရတယ် ။

Thursday, March 20, 2008

ဆုံးရှုံးရတော့မလား

Thursday, March 20, 2008 0
အလွမ်းရှည်ကြာ
ဝေးနေတဲ့ကာလမှာ
အတ္တခပ်များများနဲ့
ဗျာများနေတာကတော့
မင်းကိုဆုံးရှုံးလိုက်ရမှာ
စိုးရိမ်နေတဲ့
ငါ့စိတ်တွေပဲ .. ။

နှစ်ဦးစလုံး၏ရင်ထဲ

အချစ်ဆိုတာ
ဆုံတွေ့ခွင့်ရှိမှ
ရှင်သန်နေမှာမဟုတ်ပါဘူး
ငါ့ရင်ထဲမှာ မင်းကို
အမြဲတမ်းတ အမှတ်ယနေမယ်
မင်းရင်ထဲမှာလဲ ငါ့ကို
အမြဲတမ်းတ
အမှတ်ယနေမယ် ဆိုရင်
ဘယ်လောက်ဝေးဝေး
ရှင်သန်နေမှာပါ .. ။

Monday, March 17, 2008

လွမ်းချင်းမနက်ဖြန်

Monday, March 17, 2008 0
မနက်ဖြန်မိုးမရွာလည်း
ဒီနေ့မိုးစက်လေးတွေပဲ
ရင်ထဲသိမ်းထားပါ့မယ် ..။


ရွက်စိမ်းမှာရေတင်
အနာဂတ်မှာလွမ်းစရာထင်ခဲ့လဲ
ဒီနေ့ပျော်စရာလေးတွပဲ
အမှတ်ယနေဦးမှာပါ ..။

အကယ်၍ မိုးရစက်ကလေးတွေ
ခြောက်သွေ့သွားခဲ့ရင်
မနက်ဖြန်ရဲ့ ရေစက်ကလေးတွေဟာ
ငါ့မျက်ရည်စက်တွေပါပဲ .. ချစ်သူ ။

ယုံပါ..ချစ်သူ

ညရဲ့တိတ်ဆိတ်ခြင်းကို
အံတုလို့
ငိုကြွေးတမ်းတ
တဖန်ပြန်မရနိုင်တဲ့
နှေင်းအတိတ်က
ငါ့ရင်ကို ဗြောင်းဆန်စေတာပါ
ကြယ်လေးတွေကို
သက်သေတည်လို့
သစ္စာစကား
ခြွေကာသွားမယ်
ဘ၀ဆက်တိုင်း
ငါ့ချစ်သူဟာ
မင်းတယောက်တည်းပါ ..။

သူပျော်မယ်ဆိုရင်

မင်းပျော်နေချိန်မှာ
ငါ့ကိုမေ့ထားလိုက်ပါ
မင်းဝမ်းနည်းနေချိန်မှာ
ငါ့ကိုသတိရလိုက်ပါ


မင်းလိုရာသုံး
မင်းစေရာမှနေ
မင်းပျော်နေဖို့
ငါ့နှလုံးသားကို
ပေးဆပ်ချင်ခဲ့သူပါ ..

အဆုံးသတ်မှာ
အရှုံးသက်သက်
နှလုံးသားကွဲအက်လည်း
ဒီတသက်
ချစ်သည်ထက်ချစ်နေဦးမှာပါ ..။

နင်မချစ်တော့တဲ့ငါ

ငါ့ရင်ထဲက ဒဏ်ရာ
မင်းလက်နဲ့ရေးခဲ့တာ
ငါ့ရင်ထဲက အလွမ်း
မင်းအကြည့်နဲ့ ဖန်တီးခဲ့တာ
ငါ့ရဲ့ ရှုံးနိမ့်မှု
မင်းအချစ်နဲ့ အစပြုခဲ့တာ
ငါ့ဘ၀ရဲ့ ပြောင်းလဲမှု
မင်းနဲ့တွေ့မှအစပြုခဲ့တာ
မင်းမသိလိုက်တာ
သေချာရဲ့လား ?
အိပ်မက်တွေပြို
မျက်ရည်စိုအောင်
ဖန်တီးခဲ့တာ မင်းစွန့်လွှတ်ခြင်းပါ
မင်းအနားမှာ ငါအမြဲရှိနေခြင်းဟာ
မင်းအတွက် တန်ဖိုးမဲ့ခြင်းများလား ?
မင်းစိတ်ကူး နဲ့ရှောင်ခွါဖို့
ငါကြိုးစားခဲ့ပေမဲ့
ငါ့စိတ်ကူးက မင်းအနားမှာ
ပေးဆပ်ချင်နေသေးတာ
မင်းမှမသိလိုက်တာ
ချစ်သူရယ် ...။

ငါတကယ်မမုန်းခဲ့တာ

ငါအရမ်းမြတ်နိုးတဲ့မင်းကို
ပြုံးပြုံးလေးနဲ့
တပါးသူလက်ထဲအပ်ဖို့
ငါ့မှာသတ္တိမရှိလို့


ပိုင်ရှင်ရှိမှန်းသိတဲ့ မင်းကို
တခဏ သာ
ပိုင်ဆိုင်ဖို့ ငါ့မှာ
အင်အားမရှိလို့

မရယူနိုင်မှန်း
သေချာနေတဲ့ မင်းကို
ထာဝရပေးဆပ်ဖို့
ငါကြိုးစားလို့

မင်းနဲ့ မဆုံဆည်းအောင်
ကြိုးစားခဲ့တဲ့ ငါ
မင်းကိုလုံးဝ မမုန်းခဲ့တာ
မင်းသိရဲ့လား ...။

မင်းနဲ့ မင်းအပြုံးလေးကိုချစ်တယ်

ကလေးလေးလို
မင်းပြုံးတဲ့အခါ
တမူထူးသွားခဲ့တာ
ငါ့ရင်ခုန်သံပါ ..။


တခါပြုံးလို့
အခါခါရင်ခုန်
အခါခါပြုံးလို့
ငါရှုံးသွားခဲ့တာ
မင်းသိချင်မှသိမှာပါ ..။

အဲ့ဒိအရှုံးကို
ငါမမုန်းခဲ့တာ
မင်းနဲ့မင်းအပြုံးလေးကို
ငါသိပ်ချစ်လို့ပါ ... ။

Saturday, March 15, 2008

မင်းမသိဘူး

Saturday, March 15, 2008 0
ဝေဒနာတွေရေးချ
ဖြစ်တည်လာခဲ့
ကဗျာတဲ့
မင်းမဖတ်တတ်ခဲ့ပါဘူး .. ။


ဝေဒနာတွေ ဖွင့်ဟလို့
ငါသီဆိုခဲ့
လွမ်းတေးများလည်း
မင်းမနားဆင်တတ်ခဲ့ဘူး ... ။

တပ်မက် .. စွဲလန်း
ပေးဆပ်နေမြဲ
ငါ့အချစ်ကို
မင်းမခံစားတတ်ခဲ့ဘူး ... ။

လွမ်းတဲ့ည

လွမ်းတယ် ချစ်သူ
အေးစက်စက်လေညှင်းများကြား
မှေးစက်မရတဲ့ ရင်ခုန်သံများက
ညများစွာကို ဦးစောင်ခဲ့တာပါ .. ။


ကြယ်လေးတွေငေး
မင်းအကြောင်းတွေး ..
အဆွေးများစွာကလည်း
ညများစွာကို ဦးဆောင်ဆဲပါပဲ ... ။

ရင်ခုန်သံတွေမော
အတွေးဇောလေးလျှော့လို့
အိပ်ပျော်သွားတဲ့အခါ
မင်းပုံရိပ်များစွာဝင်လာ
ငါ့အိပ်မက်တိုင်းမှာ ..
ကြည်နူးစရာကောင်းလိုက်တာကွာ ... ။

မရေရာဘူး

မင်းရင်ခုန်သံတော့
ငါကြားပါရဲ့
ငါ့အတွက် ဟုတ်လိမ့်လေမလား ?
မျှော်လင့်ခဲ့ မိလည်း
မရရာပါဘူး ...


မင်းချစ်တတ်မှန်းတော့
ငါသိပါရဲ့
အဲ့ဒီအချစ်ကို ငါပိုင်ဆိုင်နိုင်ပါ့မလား ?
တပ်မက်မိလည်း
မရရာပါဘူး ....

လျှို့ဝှက်တတ်သူ
မင်းရဲ့ မူ
မဖွင့်ဟရဲသူ
ငါလိုလူ
ဆုံဆည်းဖို့ဆိုတာ
မရေရာပါဘူး .. ။

Friday, March 7, 2008

ငါဝမ်းနည်းတယ်

Friday, March 7, 2008 0
ငါမမေ့သေးတာ
စဉ်းစားမိရင်
နင်မေ့သွားတာ
ငါဝမ်းနည်းတယ် ။


ငါငိုနေတာ
စဉ်းစားမိရင်
နင်ရယ်နိုင်တာ
ငါဝမ်းနည်းတယ် ။

ငါအထီးကျန်တာ
တွေးမိရင်
နင်နောက်တယောက်တွဲတာ
ငါဝမ်းနည်းတယ် ။

Wednesday, March 5, 2008

မျဉ်းပြိုင်နှလုံးသား

Wednesday, March 5, 2008 0
နှလုံးသား နှစ်ခုဟာ
အနီးဆုံးမှာရှိနေပေမဲ့
ဘ၀နှစ်ခုကတော့
အဝေးဆုံးမှာ
ပြိုင်နေတဲ့ မျဉ်းနှစ်ကြောင်းလိုပေါ့
ဆုံမှတ်မရှိနိုင်တော့ဘူး

မင်းလိုအပ်တာ

မင်းမရှိရင်
အသက်မရှင်နိုင်တာ မဟုတ်ဘူး
ငါအသက်ရှင်ဖို့
မင်းလိုအပ်တာ


မင်းမရှိလို့
ဝမ်းနည်းတာ မဟုတ်ဘူး
ငါပျော်နေဖို့
မင်းလိုအပ်တာ

မင်းမရှိရင်
ကျရှုံးသွားမှာ မဟုတ်ဘူး
ငါအောင်မြင်ဖို့
မင်းလိုအပ်တာ

မင်းထားသွားလို့
ငိုနေတာ မဟုတ်ဘူး
ငါရယ်နိုင်ဖို့
မင်းရှိနေမှ ။

မာနတွေမရှုံးနိမ့်စေဖို့

ရင်ခုန်ခဲ့တယ်
အမှတ်တမဲ့ သူ့အကြည့်တွေမှာ
ကြည်နူးခဲ့တယ်
ုရုတ်တရက် သူ့အပြောတွေမှာ
နှောင်ဖွဲ့လွန်းတဲ့ သံရောဇဉ်
သူ့မာယာတွေမှာ နစ်မြောခဲ့တယ်
မသိကျိုးကျွံပြုတဲ့ မင်းမာယာ
သိပ်လှပခဲ့တယ်
ငါကမင်းကို ချစ်သူ
ယစ်မူးပေမဲ့
မင်းမာနနဲ့ ပြိုင်
ငါအနိုင်ရဖို့
ငါ့နှလုံးသားကိုမြေမြှုပ်ခဲ့တယ်
ဒါပေမဲ့
ငါမင်းကိုသိပ်ချစ်တယ် .. ။

ချစ်မိနေလို့လား

မင်းအပြုံးက
ငါ့ရင်ခုန်နှုန်းကို
ရပ်တံ့စေသလို
မင်းမျက်လုံးများက
ငါ့အသက်ရှုနှုန်းကို
ကန့်သက်စေတယ်
လူအများကြား
မင်းအမူအရာက
မထူးခြားပေမဲ့
ငါရူးသွားတာ
ဘာကြောင့်များလဲကွယ် .. ။

မယုံချင်ဘူး

မင်းနဲ့ဝေးရင်
မမေ့ပါဘူးဆိုတဲ့
မင်းရဲ့ကတိစကား
ငါဘယ်လိုယုံရမလဲ ချစ်သူ
မင်းဘေးနားမှာ
ငါရှိချိန်တောင်
မင်းအတွေးထဲမှာ
တခြားသူရှိနေခဲ့တာ
မာယာများလွန်းတဲ့
မင်းကိုတော့
ငါမယုံချင်ဘူး .. ။