Saturday, March 22, 2008

အစကတည်းက

Saturday, March 22, 2008
ငါ့ကိုတွေ့ရင်
မတုန်မလှုပ်
ကျောက်ရုပ်အလား
ငေးမောကြည့်နေတာ
မျက်ဝန်းသက်သက်
ခံစားချက်လား
ပြောပါ .. ချစ်သူ


လမ်းမှာဆုံတော့
ခေါင်းကိုငုံ့ကာ
မာယာမျက်နှာဘေးက
မာနသက်သက်
ခံစားချက်လား
ဆိုပါ .. ချစ်သူ

နာကြင်စေအောင်
တမင် ရည်ရွယ်
တကယ်မချစ်ခဲ့ရင်လည်း
တဖက်သားကို
စိတ်တွေလှုပ်ရှား
ခံစားရအောင်
အစကတည်းက
မျက်ဝန်းတွေနဲ့
မဖြားရောင်းပါနဲ့လား ?
ချစ်သူရယ် .. ။

0 comments: