Sunday, March 23, 2008

ငါအမြတ်နိုးဆုံး .. အမုန်းလိပ်ပြာ

Sunday, March 23, 2008
အမုန်းလိပ်ပြာ ..
အတိမာန ပကတိအလှနဲ့
ငါ့နားမှာ ကုစား
အကြိမ်ကြိမ် ၀ဲပျံကာ
မင်းရဲ့စွဲဆောင်ချက်ကတော့
ရင်ကိုလောင်ကျွမ်း ..
အလွမ်းတဲ့လေ ...


အမုန်းလိပ်ပြာ ..
ဟန်ဆောင်ချစ်ပန်း
ဘာကြောင့်ဆင်မြန်း
အတွေးခက်ခက် အဆွေးသက်သက်ဖြင့်သာ
မင်းပျော်ရွှင်ဖို့အတွက် ငါပေးဆပ်ခဲ့တာ
ရင်ထဲက ဒဏ်ရာတွေက
သက်သေပါ ...

အမုန်းလိပ်ပြာ ..
ဇာတ်လမ်း၏နိဂုံး
အမုန်းဖြင့်ဆုံးအောင်
တမင်ရည်ရွယ်
မင်းကျည်စယ်ခြင်းက
နာကျင် ဒဏ်ရာရင်မှာရခဲ့
ထာဝရ အတွက်ပဲလေ ...

အမုန်းလိပ်ပြာ ..
ငါ့နှလုံးသားမှာ အမှတ်ယနေအောင်
အမုန်းတွေချန်ထား
အဝေးထွက်သွားခဲ့ချိန်
နောင်တဆိုတာ ငါမသိ
မင်းတယောက်ကိုပဲ ဘ၀အဆက်ဆက်
မြတ်နိုးနေချင်မိတယ် .. ။

0 comments: