Monday, March 17, 2008

မင်းနဲ့ မင်းအပြုံးလေးကိုချစ်တယ်

Monday, March 17, 2008
ကလေးလေးလို
မင်းပြုံးတဲ့အခါ
တမူထူးသွားခဲ့တာ
ငါ့ရင်ခုန်သံပါ ..။


တခါပြုံးလို့
အခါခါရင်ခုန်
အခါခါပြုံးလို့
ငါရှုံးသွားခဲ့တာ
မင်းသိချင်မှသိမှာပါ ..။

အဲ့ဒိအရှုံးကို
ငါမမုန်းခဲ့တာ
မင်းနဲ့မင်းအပြုံးလေးကို
ငါသိပ်ချစ်လို့ပါ ... ။

0 comments: