Monday, March 24, 2008

မင်းကိုကြည့်နေရရင်

Monday, March 24, 2008
ကိုယ်ဟာ လမင်းပျောက်မှ
နေရာရတဲ့ ကြယ်ပွင့်လေးပါ
တခါတရံ အနိုင်ယူတတ်တဲ့
တိမ်ညိုတွေရဲ့ ရက်စက်မှုကြောင့်လဲ
ပျောက်ကွယ်ခဲ့ရစမြဲပေါ့
မင်းဟာ ..
လမင်းကိုမှ မြတ်နိုးတယ်ဆိုရင်
ကိုယ်ဟာ ..
မင်းကိုမြင်နေရဖို့
လနားကကြယ်လေးပဲ
ဖြစ်ချင်တော့တယ်
ဒါမှမဟုတ် တိမ်ညိုတွေကိုမှ
တွယ်တာချင်တယ်ဆိုရင်လဲ
တစိတ်တဒေသမင်းကိုမြင်နေရဖို့
တိမ်ညိုနောက်က ကြယ်ပွင့်လေးပဲ
ဖြစ်ပါရစေတော့ ..
ချစ်သူရယ် .. ။

0 comments: