Monday, March 17, 2008

နင်မချစ်တော့တဲ့ငါ

Monday, March 17, 2008
ငါ့ရင်ထဲက ဒဏ်ရာ
မင်းလက်နဲ့ရေးခဲ့တာ
ငါ့ရင်ထဲက အလွမ်း
မင်းအကြည့်နဲ့ ဖန်တီးခဲ့တာ
ငါ့ရဲ့ ရှုံးနိမ့်မှု
မင်းအချစ်နဲ့ အစပြုခဲ့တာ
ငါ့ဘ၀ရဲ့ ပြောင်းလဲမှု
မင်းနဲ့တွေ့မှအစပြုခဲ့တာ
မင်းမသိလိုက်တာ
သေချာရဲ့လား ?
အိပ်မက်တွေပြို
မျက်ရည်စိုအောင်
ဖန်တီးခဲ့တာ မင်းစွန့်လွှတ်ခြင်းပါ
မင်းအနားမှာ ငါအမြဲရှိနေခြင်းဟာ
မင်းအတွက် တန်ဖိုးမဲ့ခြင်းများလား ?
မင်းစိတ်ကူး နဲ့ရှောင်ခွါဖို့
ငါကြိုးစားခဲ့ပေမဲ့
ငါ့စိတ်ကူးက မင်းအနားမှာ
ပေးဆပ်ချင်နေသေးတာ
မင်းမှမသိလိုက်တာ
ချစ်သူရယ် ...။

0 comments: