Saturday, March 15, 2008

မရေရာဘူး

Saturday, March 15, 2008
မင်းရင်ခုန်သံတော့
ငါကြားပါရဲ့
ငါ့အတွက် ဟုတ်လိမ့်လေမလား ?
မျှော်လင့်ခဲ့ မိလည်း
မရရာပါဘူး ...


မင်းချစ်တတ်မှန်းတော့
ငါသိပါရဲ့
အဲ့ဒီအချစ်ကို ငါပိုင်ဆိုင်နိုင်ပါ့မလား ?
တပ်မက်မိလည်း
မရရာပါဘူး ....

လျှို့ဝှက်တတ်သူ
မင်းရဲ့ မူ
မဖွင့်ဟရဲသူ
ငါလိုလူ
ဆုံဆည်းဖို့ဆိုတာ
မရေရာပါဘူး .. ။

0 comments: