Monday, November 30, 2009

ကဗျာ မဟုတ်တဲ့ ကဗျာ

Monday, November 30, 2009 0
ကဗျာလည်း မရေးချင်ဘူး
ဘာမှ မတွေးတတ်လို့ တော့ မဟုတ်ဘူး
ရောထွေးနေတဲ့ ခံစားချက်တွေ အတွက်
စည်းချက်တွေက ဘယ်မှန်မလဲ

ငှက်ကလေးတွေ တေးဆိုသံလည်း
ငါ့ရင်ကို ငိုစေတာပဲ...
အလွမ်းပို မိလို့ပါကွယ် ..

ရင်ထဲက ဝေဒနာ အပူ
ဘယ်သူ ဖန်းဆင်းခဲ့တာဖြစ်မလဲ
မသဲကွဲတဲ့ မျှော်လင့်ချက်ပေါ့ ... ။

နှင်းတွေ ဘယ်လောက်သဲသဲ
နက်နဲနေတာ ဝေဒနာ
အဖြေရှာ လည်း
မရေရာ သေးဘူး ..
မင်းမျက်ဝန်း တွေကြောင့် ရူးချင်တယ်

အဆင်မပြေမှု များစွာထဲမှာ
ငါ့မျက်ဝန်းတွေ မျက်ရည်တွေနဲ့ အဆင်ပြေနေတယ်
ငါ့ရင်ခုန်သံ ၀မ်းနည်းမှုတွေနဲ့ အဆင်ပြေနေတယ်
ငါ့မျှော်လင့်ချက် စိုးထိတ်မှုတွေနဲ့ အဆင်ပြေနေတယ်
နင်မသိတဲ့ အဆင်ပြေမှု များစွာ ....
ရင်မှာ ၀ှက်ထားတုန်းပဲ ...... ။

ငါ့ချစ်ခြင်း
မိုက်တွင်းနက် တယ်ပြောပြော
ရိုက်ကွင်းပေါ်က အလွဲတွေလိုပဲ
ရယ်သံတွေက တော့ ကြေကွဲတယ်

မင်းဟာ
မှေးမှိန်တဲ့ အလင်းရောင်ဆောင်ကြဉ်းလာတဲ့
ကြယ်တစ်ပွင့်ဆိုလည်း
ငါ့ရင်ကို ဖွင့်ခင်းထားတယ်
လမင်းလို လင်းနေစရာ မလိုပါဝူးကွယ်
ငါ့ဘ၀ရဲ့ညတွေ
လှပသွားမှာပါပဲ .. ။

မကြည့်ဘူးဆိုမှာတော့ မင်းဘယ်သိတော့မလဲ
တွယ်ငြိခဲ့ရတဲ့ သံရောဇဉ်
မင်းနဲ့ မပတ်သက်ဘူး ထင်နေရင်
သူစိမ်း ပြင်ပြင် အကြည့်တွေနဲ့သာ
စိမ်းကားတော့ပေါ့
ပေါ့ပေါ့ပါးပါး ပြောတယ် မထင်ပါနဲ့
ဆော့ကစားဖို့လည်း စိတ်မပါဘူး
မင်းကို ရူးရူးမူးမူးချစ်ခဲ့သူပါကွယ်

8:25 pm
18.10.09
( Sunday )

နူးညံ့ဝေဒနာ

င့ါ အလွမ်းလက်ပံပင် က
ဘယ်လောက် အကိုင်းချိုးချိုး
အို မသွားပါဘူး ..............

နေပူပူ
မိုးရွာရွာ
ဘာအကာမှ ငါ့မှာ မရှိဘူး
တကိုယ်တည်း
မပြိုလဲ ဘူးဆိုပေမဲ့
ယိုယွင်းခဲ့တဲ့ စိတ်တွေက
တိုးတိတ်စွာ
ငိုကြွေးနေတယ် ....

နှင်းတွေ ပိန်းပိတ်မှောင်တဲ့လမ်းမှာ
စမ်းတ၀ါးဝါး လျှောက်ကာသွား
မြူတွေလည်း ဆိုင်းနေတယ်
ဘယ်လမ်းရယ်
ငါ့အတွက်အလွမ်းပျယ်မှာလဲကွယ်

အားကိုးစရာ ကြယ်တစ်ပွင့်မှ
ကောင်းကင်မှာ လင်းလက် မနေဘူး
အားယူလို့ ပြုံးကြည့်ပါသေးတယ်
နုန်းချည့်နေပီပေါ့ ........။

လမ်းပြပါလား ချစ်သူ
မင်းအပြုံးတွေ ခေါ်ဆောင်ရာမှာ
ငါပျော်မှာပါ ..

မင်းလက်တွေက ငါ့ကို ဘယ်တော့မှ
မကမ်းပေမယ့်
ငါက တမ်းတ နေတတ်တယ် .........။

ငါ့ချစ်စိတ်ကို
မင်းတိတ်တဆိတ် မုန်းနေပြန်လျော့လား
အရှုံးဆိုတာကတော့ မင်းတိုက်တိုင်း
သောက်နေကျ ၀ိုင်ချိုတခွက်ပါ
ခါးသက်စွာစီးဆင်းလို့
ဝေဒနာတွေက နှလုံးသား တစ်နေရာမှာ
နားနေတတ်တယ် ............။

မင်းမျက်ဝန်းတွေ မချိုရင်
ငါ့ရင်မှာ မိုးပြိုရပါတယ် ချစ်သူ ............ ။

ဒါပေမဲ့
ငါဘယ်လောက်ရှိုက်ငို
မင်းရိုက်တယ်လို့ ရင်မှာ မယူဆခဲ့ပါဘူး ..... ။

မျှော်လင့်ချက်တွေ နိုးလာတိုင်း
ဝေဒနာ တွေ တိုးလာရတယ်
ရိုးသားစွာ ပဲ ငါ့မနက်ခင်းတွေကို
ဝှက်ထားပါရစေတော့ ..... ။

ဒီအတွက် ငါဘယ်လောက်ဆိုးရွားစွာ
ငိုကြွေးရမယ် မသိပါဘူးကွယ် ........... ။

11:55pm
wed
5 . 8 . 09

Tuesday, September 29, 2009

သူမဖန်ဆင်းခဲ့တဲ့ မျှော်လင့်ခြင်း

Tuesday, September 29, 2009 17
ကျမနှလုံးသားတစ်စုံ
ရင်ခုန်အောင် သူပြုံးပြတတ်တယ် ... ။

သူ့အပြုံးတွေမှာ
နှလုံးသား တစ်စုံ နုန်းနေအောင် ရင်ခုန်မိသူပါ ... ။

ကျမအသိတွေ မှာ
သူ့အကြည့်တွေပဲ ရှိနေတတ်တယ် ......။

ရင်ခုန်အောင် သူမကြည့်ပါဘူးဆို လည်း
ကျမက ရူးခဲ့သူပါပဲ ............. ။

ကျမ အကြားမှန်သမျှ
သူ့စကားသံလေး တွေပါ ............ ။

ရင်လှိုက်ဖိုအောင် သူမဆိုပါဘူးဆိုလည်း
ကျမ ရိုကျိုးစွာ မြတ်နိုးတတ်သူပါပဲ ..........။

ဘယ်နေရာကြည့်ကြည့်
သူ့ပုံရိပ်သာမြင်မိတယ် ............ ။

သူမသိပါဘူးဆိုလည်း
ကျမရင်မှာ သူရှိပါတယ် ........... ။

ကျမ အတွေးတွေမှာ
သူ့မာန လေးတွေပဲ ရှိနေတတ်တယ် ....... ။

နားလည်ရခက်နေလည်း
ကျမ သိပ်ချစ်ပါတယ် ............။

သူ့နှုတ်ခမ်းက ဘာခြွေခြွေ
ကျမ က ကြွေနေတတ်သူမဟုတ်လား ..........။

သူနဲ့ အနေဝေးရင်
ကျမ အပြုံးလေး ဆွေးမြည့်ရတယ် ...........။

စိုးစိတ်တွေနဲ့ တိုးတိတ်စွာငို
ကျမ နေ့ရက်တွေ မချိုနိုင်ပါဘူး ..........။

သတ်မရတဲ့ မျှော်လင့်ခြင်းတွေကြားမှာ
ကျမ အတ္တ မခါးခဲ့ပါဘူးကွယ်

သူ့အနားမှာသာ
ကျမ မှားနေပါရစေလား ............. ။

11: 55 pm
( Tuesday )
29.9.09

ချစ်နေတော့လည်း

မင်းရဲ့ မာန မျက်ဝန်းကမှ
ရင်မှာ အထင်ကရ ဖြစ်ခဲ့ရတယ် ...

မင်းရဲ့ ဥပက္ခာပြုမှုတွေ ကြား
မျက်ရည်တွေ ခြွေလိုက်ရမှ
ငါ့မျက်ဝန်းက ပျော်တတ်နေတာလား ....

ကံကြမ္မာရယ်လို့
တခါ မိန့်ဆိုမိတိုင်း
သိုသိပ်စွာ ကြေကွဲရတယ် ...

ငါ့မှာလည်း မာနနဲ့ပါ
ဒါပေမဲ့
ငါမြတ်နိုးတဲ့ မင်းလက်ချောင်းလေး တွေက
ခ၀ါ ချ ပစ်ခဲ့တာ မဟုတ်လား

ရင်ထဲက ဆန္ဒတစ်စုံတစ်ရာအတွက်
နှုတ်ဖျားက တကြိမ်တခါတောင်
ငါပြောမထွက်ခဲ့ဘူး ......

မပြောတော့ပါဘူး
ကျိန်စာသင့် နှုတ်ခမ်းတွေ
အမြဲ လွမ်းနေတော့မယ်

မငိုတော့ပါဘူး
ကျိန်စာသင့် မျက်ဝန်းတွေ
အမြဲ ကန်းနေတော့မယ်

ရင့်ကျက်စွာလည်း ပင့်သက်မချတတ်တော့ဘူး

ချစ်သူရေ
မင်းနဲ့ ပတ်သက်ရင် မင်းငါ့အပေါ်ထားတဲ့
မာနလေးလည်းပဲ
ငါက မြတ်နိုးနေတတ်ခဲ့တယ်

ငါလိုလူ ရှုံးတယ်ဆိုတာ
လောကကြီးရဲ့ပျော့ကွက်လည်း မဟုတ်တော့ဘူး
ရုန်းမရအောင် ချစ်ဖို့ကို
ငါ့ကိုယ်ငါ စီရင်ချက်ချခဲ့တာပါ ။

နင့်လှည့်မကြည့်တော့လဲ ငါကြေကြေကွဲကွဲ ကျေနပ်နေတယ် ။

ရိုးသားစွာ မြတ်နိုးနေဦးမယ့် မနက်ဖန်တွေ တိုင်း
လွမ်းမြူတွေ ဆိုင်းနေဦးမှာပါပဲ လေ ... ။

28.9.09
( Sunday )
11 : 59 pm

သူငယ်ချင်း

ကျမ မျက်ရည်အတွက်
သူ့လက်တစ်စုံ
နာကျင်နေအောင်
မျက်ရည်တွေ သုတ်ပေးဖူးတယ်

ကျမ ဝေဒနာအတွက်
သူ့ရင်ခွင်တစ်စုံမှာ
မှေးစက်စရာ တနေရာ ပေးခဲ့ဖူးတယ်

ကျမ မောလျမှုတွေအတွက်
သူ့ပခုံးတဖက်
မှီခိုရာ ပေးထားခဲ့ဖူးတယ်

ကျမ ရင်ထဲက ဝေဒနာ စာသားတွေ
နှစ်သိမ့်စရာ စကားတွေနဲ့
ချေဖျက်ပေးခဲ့ ဖူးတယ်

မမေ့ပါဘူး
မကြည်နူးချိန်တွေမှာ
ထူးခြားစွာ ဦးစာပေးခဲ့သူ
ဖေးကူလို့ ချွေးသိပ်စေခဲ့သေးတယ် .......... ။
ကြည်နူးချိန်တွေမှာ
တူတူ မြူးလို့ နေတတ်ခဲ့တယ် .....။

ဘယ်လိုပဲ ဝေးဝေး
အားပေးမှုတွေနဲ့ ငါ့ကိုဖေးကူခဲ့သူ
သူငယ်ချင်း ...
ငါနင့်ကို ဘယ်တော့မှ မမေ့ဘူး ။

5 . 8 . 09
wed
11:57 pm