Thursday, January 15, 2009

ကျိန်စာသင့်သူ

Thursday, January 15, 2009 8
လွမ်းစိတ်သယ်ပျိုး ၊ ရင်မှာငြိုးခဲ့
မိုး ...ဆောင်း .. နွေ .. ပြောင်း
မဟောင်းနွမ်းဘဲ
စိတ်ထဲတမ်းတ ၊ အမှတ်တရများ စွာ
လွမ်းတဲ့ည


အိပ်မက် မရောက် ၊ ခြေရာပျောက်ခဲ့
တဖျောက်ဖျောက်ရွာ ၊ မစဲသာဘဲ
ရင်လွှာဆင်းသက်
မျက်ရည်စက် ..

တကိုယ်တည်းလွမ်း ၊ နွမ်းခဲ့ရက်
တကိုယ်တည်းငို ၊ တိမ်ပြိုမိုးလို
မျက်ဝန်းစိုလည်း ..
အပြစ်မဆိုခဲ့ဘူးကွယ်

အတွေးပတ်လည်
အဆွေးရက်ဝယ် .. အကြွေးထပ်ခဲ့
ပြန်ဆပ်လှည့်ပါ .. သခင်

မျက်ဝန်းပဲ သုံးသုံး
ရုန်းထွက်ယုံမျှ ပြုံးပြလှည့်ပါ
အဲ့ဒိအခါမှ
ကျိန်စာလွင့်ပျယ် ၊ မာန်ဝင့်ထည်လို့
သခင့်ခြေရာ ၊ ပြန်လည် ဖွေရှာ
ပေးဆပ်ခွင့်ရနိုင်မှာပါ ...

မြစ်စောင့်နတ်သမီး

ငါမငိုပါဘူး ..
ပြည့်လျှံလာတဲ့ မျက်ရည်တွေ
ဘယ်သွားရမှန်းမသိလို့
ကျကျ နေတာပါ ..


ဘာရယ်မဟုတ်တဲ့
ခံစားချက်တွေ က
တခါခါ .. နင့်နဲ့များ
ပတ်သက်နေသလား
ငါ့ကိုယ်ငါ သံသယ၀င်မိတယ်

အချစ်ဆိုတာ
တခါတရံသာ လာခြောက်တတ်တဲ့
သစ္ဆေကောင်ပဲလား
ငါက ထပ်မြင်ခွင့်ရချင်တာတောင်
သူက .. လာမခြောက်တော့ဘူး

ဘယ်အရာမှ
ငါမပိုင်ပါလားဆိုတာ
မင်းကိုစွန့်ရမဲ့ အသိကြောင့်
ငါသိလိုက်တာ
ထင်ပါရဲ့

ရင်ထဲမှာတော့
မြစ်တစ်စင်း အမြဲစီးဆင်းနေတယ်
အဲ့ဒိမြစ်လေးဘေးမှာ
နှလုံးသားတစ်စုံ
အမြဲတေးဆိုနေတယ် ..

တယောအိုလေးတီးခတ်
စမ်းချောင်းလေးရဲ့ လှိုင်းဂယက်နဲ့ အတူ
လွမ်းတေးသီကြူးလို့
မင်းကိုတော့မနားဆင်လိုဘူး .........

မခန်းတော့မယ် မျက်ရည်မြစ်နဲ့
လွမ်းတေး ဖြစ်တည်နေလို့
မင်းရင်ကို နွမ်းမှာဆိုးတယ်

ခပ်တိုးတိုးလေးပဲ ..........
ငါတေးဆိုနေတော့မယ် ......... ။

ထပ်ထပ်လို့မေးချင်

ဆုံဆည်းဖို့ .. မွေးဖွါး
ခွဲခွါဖို့ ဆုံဆည်းခဲ့ကြတာ
သဘာဝပဲ မဟုတ်လား
ဒါပေမဲ့ မျက်ရည်တွေ ကတော့
လွန်ဆန်ခဲ့ကြတယ်
ကြယ်လေးတွေတောင်
ကောင်းကင်မှာ အမြဲနေခွင့်မရှိဘူး
တချိန်ချိန် ကြွေကျရသေးတယ်
အဲ့ဒိအသိကလည်း
ရင်ကို တကယ်မထိခဲ့ဘူး
ဖွင့်ဟပြောခွင့်မရခင် ..
တဒင်္ဂလေးတောင် ဝေးမသွားချင်ဘူး
ရင်ထဲက အတ္တတွေ တနေ့တခြား
ဆတိုးလာခဲ့တာ
ဖြေဆေးကြွေးမဲ့လက်တွေကို
ဘယ်အရာတွေကများ တုံ့နှေးစေတာလဲ
ငိုခွင့်မရတဲ့ မျက်ဝန်းတစုံ
ရင်ထဲမှာတော့ .. ထစ်ချုန်းနေတယ်
တကယ်ပဲ ကျမကို ထားသွားမှာလား
မောင် .............

မျှော်လင့်တလှည့်ဆုံးရှူံးတခါ

မင်းမျက်ဝန်း နဲ့ မဆုံရဲခဲ့ဘူး
အမှတ်တမဲ့ မင်းအကြည့်တွေမှာ
ငါ .. ဘာကြောင့်
ရင်ခုန်နေတတ်ခဲ့တာလဲဟာ ...


ပြုံးပြပါလို့
မတောင်းဆိုရဲခဲ့ဘူး
သူများအတွက် အပြုံးလေးတွေနဲ့
ရောင့်ရဲ ပါတယ်ဆိုတဲ့ငါ
နင့်အပြုံးလေးတွေ
ဘာကြောင့် ပိုင်ဆိုင်ချင်နေတာလဲဟာ ..

ပြန်ချစ်ပါလို့
မတောင်းဆိုချင်တော့ပါဘူး
ခင်မင်မှုတွေနဲ့ ရောင့်ရဲပါတယ်ဆိုတဲ့ငါ
နင်မသိအောင်
ဘာကြောင့်ငိုနေတတ်တာလဲဟာ

မပျိုးဘဲ ရှင်သန်ခဲ့တဲ့ မျှော်လင့်ချက်
မခူးသေးခင်
ဘာကြောင့် ကြွေဆင်းခဲ့ရတာလဲ
ရင်ထဲမှာ ကြယ်ကြွေခဲ့ပေမဲ့
လေထဲမှာတော့ မပျောက်ကွယ်ချင်ဘူး

ရူမိုက်တယ်ပဲပြောပြော
မျှော်လင့်ချက်တွေ စူးခဲ့ရတဲ့ရင်ထဲ
ထူးခြားစွာ ရခဲ့တဲ့ အနာတရတွေက
ငါ့အနာဂတ်တွေကို
မူးဝေသွားစေခဲ့တာ
ချစ်သူရေ .......
မင်းကိုတော့ မကူးစေချင်တော့ဘူး

တွေးဆွေးတဲ့ ညများ

မနာကြင်ခင် နောက်လှည့်ပြန်ခဲ့ချင်ပေမယ့်
မင်းနဲ့ ဝေးရာ ထွက်သွားရမဲ့
ငါ့ခြေလှမ်းတွေ တုံ့နှေးခဲ့ရတယ်
တကယ်တမ်းကျုပြန်တော့လဲ
မင်းရှိရာ လာခွင့်လဲ မရှိသူပါ
အဖြူရောင်သံရောဇဉ်တွေ
တဖက်သတ် ဆေးဆိုးချင်နေခဲ့တာ
ငါ့အမှားများလား
ေ၀၀ါးစွာပဲ .. ငုံ့တုံ့ထိုင် မှိုင်ခဲ့ရတာ
ညပေါင်းများစွာပဲ
တယောက်တည်းရင်ထဲမှာ ..
ကြယ်ကြွေခဲ့ရပေါင်းလည်း မနဲတော့ဘူး
မင်းက လမင်းကို ငေးချိန်
လမင်းဘေးက ကြယ်ပွင့်လေးငါ
မင်းကိုကြည့်ပြီး ပြုံးနေတတ်တာ
တနေ့တော့ မင်းမြင်လာမှာပါ .. ။

အဖြည့်ခံရင်ခွင်

ငါက
မင်းပြုံးနေရင် .. ကျေနပ်သူ
မင်းငိုနေရင်.. အနေခက်သူ
မင်းကိုမတွေ့ရင် ..မနေတတ်သူ
မင်းကို ဒီလိုချစ်နေသူပါ ..


မင်းလိုသမျှ ပေးဆပ်ချင်သူ
မင်းပိုနေမှ ငါ့အတွက်ကြည့်သူ
မင်းမှားသမျှလည်း မငြိုငြင်တတ်သူ
မင်းကို ဒီလို ရူးသွပ်သူပါ

မင်း..ဆိုတဲ့ အသိလေးနဲ့တင်
ငါ..အခါခါ ရှူံးခဲ့သူ
မင်းမချစ်နိုင်တဲ့ ...မင်းရဲ့
အနီးဆုံးသူပါကွယ် ... ။

လှည့်ကြည့်မနေပါနဲ့တော့

ဝေးဖို့ပြောမဲ့ နှုတ်ခမ်းထက်က
စကားတွေ .. တားဆီးပါရစေ
ကျမ ကြားနိုင်စွမ်း မရှိတော့ဘူး
............ကို


မျက်ရည်စက်တွေ တောင်
ချစ်သူ့ရင်ခွင်
ခိုဝင်ခွင့် မရမဲ့အချိန်တွေ
လွတ်လပ်စွာကျမကို မုန်းခွင့်ပေးပါ

တိတ်တဆိတ် ထွက်သွားမဲ့
အချိန်တွေ အတွက် ..
အတိတ်မေ့လိုက်ချင်တယ် ..........
ကျမမှာ သတ္တိတွေ မရှိတော့ဘူး
.........ကို

တိုးတိတ်စွာ ဟစ်အော်နေမဲ့
အသံတွေ နားစွင့်မနေပါနဲ့တော့
မလွမ်းတတ်ချင်ပေမဲ့
လွမ်းစိတ်နဲ့ နွမ်းရမဲ့ ရက်တွေ
ကျမတယောက်တည်း
ဖြတ်သန်းခွင့်ရချင်တော့တယ် ......

မသိသလို သာနေလိုက်ပါတော့
ကို