Thursday, January 15, 2009

တွေးဆွေးတဲ့ ညများ

Thursday, January 15, 2009
မနာကြင်ခင် နောက်လှည့်ပြန်ခဲ့ချင်ပေမယ့်
မင်းနဲ့ ဝေးရာ ထွက်သွားရမဲ့
ငါ့ခြေလှမ်းတွေ တုံ့နှေးခဲ့ရတယ်
တကယ်တမ်းကျုပြန်တော့လဲ
မင်းရှိရာ လာခွင့်လဲ မရှိသူပါ
အဖြူရောင်သံရောဇဉ်တွေ
တဖက်သတ် ဆေးဆိုးချင်နေခဲ့တာ
ငါ့အမှားများလား
ေ၀၀ါးစွာပဲ .. ငုံ့တုံ့ထိုင် မှိုင်ခဲ့ရတာ
ညပေါင်းများစွာပဲ
တယောက်တည်းရင်ထဲမှာ ..
ကြယ်ကြွေခဲ့ရပေါင်းလည်း မနဲတော့ဘူး
မင်းက လမင်းကို ငေးချိန်
လမင်းဘေးက ကြယ်ပွင့်လေးငါ
မင်းကိုကြည့်ပြီး ပြုံးနေတတ်တာ
တနေ့တော့ မင်းမြင်လာမှာပါ .. ။

1 comments:

Dead Romeo said...

"ကောင်းကင်ညမှာ ကြယ်ပွင့်များစွာ
တလက်လက်လင်းလို့
အိမ်ပြန်ဖို့လမ်းပျောက်ရင်း
အမှတ်တမဲ့ ကြည့်မိခြင်းမှာ
လမင်းဘေးက ကြယ်ပွင့်လေးပါ
အတွေးမရေရာ အဆွေးလေးနဲ့သာ
ပြန်ဆိုဖို့ရာ ဒီကြယ်ပွင့်ကလေး
လမ်းပြပါ..."

ကြယ်လေးတစ်ပွင့်ကို သူမြင်နိုင်မှာပါ... ဒီကြယ်ပွင့်လေးက သူ့အတွက် လမ်းပြကြယ်ဖြစ်လာမှာပါ...

ကဗျာလေးတွေအရမ်းကောင်းပါတယ်.... ဖတ်ခွင့်ရလို့လဲ ကျေးဇူးတင်တယ်နော်....


လေးစားလျက်
မင်းကိုချစ်တဲ့သူ