Thursday, January 15, 2009

မြစ်စောင့်နတ်သမီး

Thursday, January 15, 2009
ငါမငိုပါဘူး ..
ပြည့်လျှံလာတဲ့ မျက်ရည်တွေ
ဘယ်သွားရမှန်းမသိလို့
ကျကျ နေတာပါ ..


ဘာရယ်မဟုတ်တဲ့
ခံစားချက်တွေ က
တခါခါ .. နင့်နဲ့များ
ပတ်သက်နေသလား
ငါ့ကိုယ်ငါ သံသယ၀င်မိတယ်

အချစ်ဆိုတာ
တခါတရံသာ လာခြောက်တတ်တဲ့
သစ္ဆေကောင်ပဲလား
ငါက ထပ်မြင်ခွင့်ရချင်တာတောင်
သူက .. လာမခြောက်တော့ဘူး

ဘယ်အရာမှ
ငါမပိုင်ပါလားဆိုတာ
မင်းကိုစွန့်ရမဲ့ အသိကြောင့်
ငါသိလိုက်တာ
ထင်ပါရဲ့

ရင်ထဲမှာတော့
မြစ်တစ်စင်း အမြဲစီးဆင်းနေတယ်
အဲ့ဒိမြစ်လေးဘေးမှာ
နှလုံးသားတစ်စုံ
အမြဲတေးဆိုနေတယ် ..

တယောအိုလေးတီးခတ်
စမ်းချောင်းလေးရဲ့ လှိုင်းဂယက်နဲ့ အတူ
လွမ်းတေးသီကြူးလို့
မင်းကိုတော့မနားဆင်လိုဘူး .........

မခန်းတော့မယ် မျက်ရည်မြစ်နဲ့
လွမ်းတေး ဖြစ်တည်နေလို့
မင်းရင်ကို နွမ်းမှာဆိုးတယ်

ခပ်တိုးတိုးလေးပဲ ..........
ငါတေးဆိုနေတော့မယ် ......... ။

3 comments:

Anonymous said...

ကျနော် ငိုတိုင်း ကျနော်ချစ်သူက ပြောတယ်..
မင်းနဲ့ စကားပြောရတာ မသာအိမ်က လူနဲ့ ပြောရသလိုပဲတဲ့..သူကဘယ်ခံစားတတ်မလဲ..အချစ်စစ်ကိုမှ နားမလည်တာ..မိန်းကလေးတွေက ခံစားချက်ကို ဖွင့်ဟမပြောတတ်ကြရင် မျက်ရည်ဆိုတာ သူ့ဟာသူ ကျတတ်လာတာပဲလေ...

THIHA said...

ဟေ့..လွမ်းတာလဲ လွမ်းပေါ့....သီချင်းထက်ဆိုဦးမှာလား..အလွမ်းသီချင်းလေးတပုဒ်လောက်ပေါ့
ခင်တဲ့
သီဟ

Unknown said...

ရေးပါရေးပါနဲ့ တပူပူတဂျီဂျီလုပ်လွန်းလို့ လာရေးရသော်လည်း ကဗျာလေးတွေကို ဖတ်လိုက်ရတော့ အတင်းလာပြီးကော့မန်ရေးခိုင်းတာ မလွန်ဘူးဆိုတာ ပြောချင်တယ် မိဆောင်းရယ်။