Thursday, January 15, 2009

အဖြည့်ခံရင်ခွင်

Thursday, January 15, 2009
ငါက
မင်းပြုံးနေရင် .. ကျေနပ်သူ
မင်းငိုနေရင်.. အနေခက်သူ
မင်းကိုမတွေ့ရင် ..မနေတတ်သူ
မင်းကို ဒီလိုချစ်နေသူပါ ..


မင်းလိုသမျှ ပေးဆပ်ချင်သူ
မင်းပိုနေမှ ငါ့အတွက်ကြည့်သူ
မင်းမှားသမျှလည်း မငြိုငြင်တတ်သူ
မင်းကို ဒီလို ရူးသွပ်သူပါ

မင်း..ဆိုတဲ့ အသိလေးနဲ့တင်
ငါ..အခါခါ ရှူံးခဲ့သူ
မင်းမချစ်နိုင်တဲ့ ...မင်းရဲ့
အနီးဆုံးသူပါကွယ် ... ။

1 comments:

Unknown said...

ဒီကဗျာလေးကြိုက်ပါတယ်။
အလွမ်းကဗျာမဟုတ်ပေမဲ့ အရမ်းချစ်တတ်တဲ့ လူတယောက်အတွက်ဖွဲ့ထားသလိုပါဘဲ။

မကြီး ချစ်သူခြင်းကြည်နူးတဲ့ကဗျာလေးတွေ ရေးပါဦး။ မကြီးစိတ်ထဲမှာလည်း သိပ်ခံစားပြီး သိပ်လွမ်းနေတယ်နဲ့တူတယ်။ ကဗျာလေးတွေက အဆွေးလေးတွေကြီးဘဲ။