Thursday, January 15, 2009

ကျိန်စာသင့်သူ

Thursday, January 15, 2009
လွမ်းစိတ်သယ်ပျိုး ၊ ရင်မှာငြိုးခဲ့
မိုး ...ဆောင်း .. နွေ .. ပြောင်း
မဟောင်းနွမ်းဘဲ
စိတ်ထဲတမ်းတ ၊ အမှတ်တရများ စွာ
လွမ်းတဲ့ည


အိပ်မက် မရောက် ၊ ခြေရာပျောက်ခဲ့
တဖျောက်ဖျောက်ရွာ ၊ မစဲသာဘဲ
ရင်လွှာဆင်းသက်
မျက်ရည်စက် ..

တကိုယ်တည်းလွမ်း ၊ နွမ်းခဲ့ရက်
တကိုယ်တည်းငို ၊ တိမ်ပြိုမိုးလို
မျက်ဝန်းစိုလည်း ..
အပြစ်မဆိုခဲ့ဘူးကွယ်

အတွေးပတ်လည်
အဆွေးရက်ဝယ် .. အကြွေးထပ်ခဲ့
ပြန်ဆပ်လှည့်ပါ .. သခင်

မျက်ဝန်းပဲ သုံးသုံး
ရုန်းထွက်ယုံမျှ ပြုံးပြလှည့်ပါ
အဲ့ဒိအခါမှ
ကျိန်စာလွင့်ပျယ် ၊ မာန်ဝင့်ထည်လို့
သခင့်ခြေရာ ၊ ပြန်လည် ဖွေရှာ
ပေးဆပ်ခွင့်ရနိုင်မှာပါ ...

8 comments:

Anonymous said...

ကျိန်စာလွင့်ပျယ် ၊ မာန်ဝင့်ထည်လို့
သခင့်ခြေရာ ၊ ပြန်လည် ဖွေရှာ
ပေးဆပ်ခွင့်ရနိုင်မှာပါ ...

ဒီစာသားလေး အကြိုက်ဆုံးပဲ မကြီး

Anonymous said...

ချာမ အလွမ်း ကဗျာတွေ အခုထိ ရေးနေတုန်းပဲနော် ..
ကဗျာတွေက တစ်ကယ် လွမ်းဆွေးသွားစေပါတယ် ..
အားပေးတယ် ချာမ နောက်ထပ် အများကြီးတော့ ဆက်မလွမ်းစေချင်တော့ဘူး :)

weenyinthit said...

လွမ်းနိုင်လွန်းအားကြီးပါတယ် ငါအမရာ.. ။ နည်းနည်းပါးပါး အလွမ်းလျော့အုန်း ..

lapyae said...

အရမ်းလွမ်းတက်လို့ Blog နာမည်ကိုတောင် ချစ်အိမ်ငယ်လို့ မပေးဘဲ အလွမ်းအိမ် (သို့) အလွမ်းစာမျက်နှာများလို့တာပေးလိုက်ပါ
တော့လားသူငယ်ချင်းရေ..နင့်အလွမ်းတွေကငါတို့ကိုပါကူး
စပ်တယ်ဟ...ခံစားလို့တော့ကောင်းပါတယ်..
ကြိုးစားထားနော်..အားပေးနေမယ်...

Unknown said...

အလွမ်းမင်းသမီးရဲ့ အလွမ်းတွေကို လျှော့ပါဦး။ မဟုတ်ရင် အဲ့ဒီအလွမ်းတွေက ကျနော့်ဆီ ကူးစက်လာနေလို့ ဗျို့

Unknown said...

အော် အပျိုကြီးဘ၀ဆိုတာ ကျိန်စာသင့်နေသလိုပါပဲလား

Kyaw Kyaw Htay @Lewis said...

Very nice poem

SintSintMoe said...

ချစ်မ ကဗျာတွေအားလုံးခံစားသွားတယ်နော် ..
ဆက်၍ဆက်၍ ကဗျာကောင်းလေးတွေရေးစပ်ဖွဲ့သီနိုင်ပါစေ