Friday, May 8, 2009

မင်းအနားနား နေပေးပါ

Friday, May 8, 2009
မင်းအပြုံးတွေက
ငါ့ကို တကယ်ပဲ ကြည်နူးစေသလို
မင်းမျက်လုံးတွေ က
ငါ့ကို တကယ် ရင်ခုန်စေတယ်


မင်းအနားရှိချိန်လေးတွေ
ငါ့ စိတ်ကလေး အေးချမ်းနေသလို
မင်းနဲ့ ဝေးချိန်လေးတွေ
ငါ ဆွေးနေတတ်တယ်

မင်းစကားသံလေးတွေ
ငါ့အတွက် အားဖြစ်စေခဲ့တာ
မင်း .. ကိုတော့ ငါ ပြောပြမိတော့မှာ
မဟုတ်ပါဘူး ....

ငါပျော်နေဖို့ နင့်ကို ငါ့အနားမှာ
ခေါ်ထားသင့်သလား
နင်စိတ်ချမ်းသာဖို့ နင်လိုရာသွားခွင့်
ပေးလိုက်ရမှာလား
လွန်မဆွဲချင်ပေမယ့်
ငါ့ရင်ထဲမှာ ဒွန်တွဲနေခဲ့တယ် ..

မတွေးဘဲလည်း ရင်ထဲမှာ
ခပ်ရေးရေး အမြဲရှိနေတယ် ..

ဝန်ခံခွင့်တွေ မရလည်း
ငါဝန်ခံပါရစေ ..
အတွေးတောင် မဝေးရဲပါဘူး
ငါနင့်ကို ချစ်နေတာ
ချစ်တယ် ဆိုတဲ့ စကားနဲ့ တင်
ငါ့ခံစားချက်တွေ မလုံလောက်နိုင်တော့ဘူး ..

ငါတကယ်ဆုတောင်းမိတယ်
နင်ဟာ ....
မပြောဘဲ ကြားသူ
မမြင်ဘဲ သိသူ သာ ဖြစ်ပါစေတော့
ပြောပြခွင့် မရှိတဲ့ ငါ့ခံစားချက်တွေ
နင့်ကိုပဲ ကြားစေချင်နေသူမို့ပါ

မြိုသိပ်ထားရတဲ့ အချိန်တွေ
နှစ် ၊ လ ၊ ရှည်ကြာနေပါပြီ
မင်းအတွက် အပမ်းမကြီးဘူးဆိုရင်
ငါ့အလွမ်းတွေကို
အဆုံးသတ်ပေးပါလား
ချစ်သူရာ ...

1 comments:

Anonymous said...

မြိုသိပ်ထားရတဲ့ အချိန်တွေ
နှစ် ၊ လ ၊ ရှည်ကြာနေပါပြီ
မင်းအတွက် အပမ်းမကြီးဘူးဆိုရင်
ငါ့အလွမ်းတွေကို
အဆုံးသတ်ပေးပါလား
ချစ်သူရာ ...

အရမ်းကောင်းတယ် မဆောင်းရေ....
အားပေးနေတယ်နော်......