Saturday, May 9, 2009

နွေပြီးရင်နွေ

Saturday, May 9, 2009
ရင်ထဲမှာ
ချုံးပွဲချငိုနေပေမယ့်
အပြုံးတွေ နဲ့သာ
ဖုံးကွယ် ထားခဲ့တာ
ငါဟာ .. မင်းရှိနေတဲ့
လောကကြီးကို လိမ်ညာချင်ခဲ့လို့ပါပဲ ..


မာနတွေကို
လှပစွာ ပန်ဆင်ခဲ့ပေမယ့်
ငါ့အလွမ်းတွေက တော့
ဟန်ပြင်ချိန်တောင် မရခဲ့ဘူး

တကယ်တော့
ငါ့အနားမှာ မင်းရှိနေပါမှ
ဆောင်းနှင်းစက်တွေ ကြွေ
ပုရစ်ဖူးတွေ တကယ်ဝေခဲ့တာ

နင်မရှိတော့ ငါ့ဘ၀က
နွေဟာလည်း ..နွေ
မိုးဟာလည်း .. နွေ
ဆောင်းဟာလည်း .. နွေ ပါပဲ

ကြေကွဲစရာ အတွေးတွေနဲ့
ဆွေးမြည့်စွာ ပြုံးနေတတ်သူ
ငါ .......
လောကကြီးမှာ နေသားတကျ
ဖြစ်ပြီးသားပါ ...

ကြည့်တိုင်းမြင်
မျှော်တိုင်းလွမ်း တယ်ဆိုတာ
ငါ့စိတ်ရဲ့ သဘာဝတရားပဲ
မဟုတ်လား

ရင်ထဲမှာလဲ ထွေထွေ ထူးထူး
မြူးမနေချင်တော့ပါဘူးကွယ်!

3 comments:

ယွန်းနှင်းဖြူ said...

အမှန်အတိုင်းပဲ ရင်ဆိုင်လိုက်ပါ ... ဘာမှမမျှော်လင့်ပဲ အမှန်တရားကို သူသိသွားတယ်ဆိုရင်ပဲ လောကကြီးကလှနေပါပြီ ... အမှန်တရားကို သူသိပါစေ !

ပိုပို !

Unknown said...

ရင်ထဲမှာ
ချုံးပွဲချငိုနေပေမယ့်
အပြုံးတွေ နဲ့သာ
ဖုံးကွယ် ထားခဲ့တာ
ငါဟာ .. မင်းရှိနေတဲ့
လောကကြီးကို လိမ်ညာချင်ခဲ့လို့ပါပဲ ...

ချုံးပွဲချတော့ ငို နဲ့ နော်... ဘာတဲ့ .... ဘာတို့ မျက်ရည် ဆိုလဲ မြေကျကောင်းဝူးတဲ့.. ဟီး....

Kyaw Kyaw Htay @Lewis said...

very nice ...so nice ...perfect!