Saturday, May 9, 2009

စစ်ကင်းတဲ့ မြေပြင်

Saturday, May 9, 2009
မင်း .... က
ငါ့ရှေ့ကို ရောက်မလာတတ်တော့ပေမယ့်
ငါ့ရင်ထဲမှာ တော့
ထာဝရ နေရာယူခဲ့သူပါ ..




အဖြူရောင်သံရောဇဉ်တွေ
ငါဆေးဆိုးခဲ့တာ မဟုတ်ပါဘူး
မတော်တဆ
စွန်းထင်းသွားခဲ့တာပါ ..

ငါ့မျက်ဝန်းတွေက မင်းအပြုံးလေးကို
မက်မောတယ်
ငါ့နားတွေက မင်းစကားသံလေးကို
တပ်မက်တယ်
ရိုးရိုးလေးပဲ ချစ်ခဲ့တယ် ..

သိုဝှက်ထားခြင်းတွေ
အရာမ၀င်တော့ဘူးဆိုလည်း
ငါ့အချစ် .. အလွမ်းတွေ
ခြေရာထင်ဆဲပါ ..
ချစ်ခြင်းတရားဆိုတာ တွေ့ဆုံနေမှ
တည်မြဲတာ မဟုတ်တာပဲ ..

ချစ်သူရယ် ...
မုန်းချင် မုန်းပါ
မပုန်းပါနဲ့
ငါဟာ နင့်ရဲ့ရန်သူမှ မဟုတ်တာပဲ ...

မင်းအတွက်ဆို
ငါ ...................
လက်နက်ချပြီးသားပါကွယ် ... ။

3 comments:

Anonymous said...

“ အဖြူရောင်သံရောဇဉ်တွေ
ငါဆေးဆိုးခဲ့တာ မဟုတ်ပါဘူး
မတော်တဆ
စွန်းထင်းသွားခဲ့တာပါ .. ”

သုံးသွားတဲ့ စကားအသုံးအနှုန်းလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ အဓိပ္ပါယ်လေးနက်တယ် ခံစားချက်တွေနဲ့ ပြည့်ဝတယ် ကဗျာတစ်ပုဒ်လုံး အဲစာကြောင်း အထိဆုံးပဲ

Unknown said...

သတိတရနဲ့ မှတ်ချက်ပေးသွားပါတယ်။ တကယ်ကိုကောင်းပါတယ်။

Blade said...

It's been a while nyima lay Acid ,hope everything's okey .I just popping into check out some of your art and blog ,u are still amazing ,loving the page and poems and u have done great ideas and stuff with it. keep it up!!U are deserve to be on this Blog ! Cheers !!!!!!! (Blade)