Saturday, May 9, 2009

ပြန်ပြောပြဖို့ ခက်နေတယ်

Saturday, May 9, 2009
ခဏခဏ ပြုံးမပြပါနဲ့လား
အခါခါ ရင်ခုန်မှု အောက်မှာ
ငါရုန်းမရနိုင်တော့ဘူး ..
အလွမ်းစက်ကွင်းထဲက
ရုန်းထွက်ဖို့ ကြိုးစားလေ
မင်းအပြုံးတွေ ချည်နှောင်ထားလေပဲ ..
မဆုံချင်ဘူးဆိုတဲ့ အသိတွေက
ဆုံဆည်း ချင်တဲ့ နှလုံးသားကို
လွန်ဆန် မရတာ
ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး
ပြန်ပြောပြတော့ ခက်လိမ့်မယ်
ငါမင်းကို ဘယ်လောက်ချစ်မိသွားလဲ
ဆိုတာ ..
မင်းအသက်ရှူသံလေးက အစ
ငါတယောက်တည်း ကြားခွင့်ရချင်နေတာ
ငါ့ကို ခွဲသွားမှာလား ?
စိုးရိမ်စိတ်တွေ နဲ့ ဖြတ်သန်းနေခဲ့တာ
အအိပ်ခက်တဲ့ ညပေါင်းများစွာ ..
ခေါင်းအုံးလေးတော့ သိမှာပါ ..
ဘယ်အရာမှ မရေရာဘူးဆိုတဲ့
လောက ကြီးမှာ မင်းကို ချစ်တာတော့
သေချာသွားတယ် ..
ပြောခွင့်မရတော့ရင်တောင်
မင်းအိပ်မက်ထဲ လာလာပြောပြမယ်
မင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပေးပါ
ချစ်သူရယ် .. !

24 comments:

အိန်ဂျယ် said...

ပြောစရာမလိုတဲ့ အချိန်တွေ
ပြောစရာမလိုတဲ့ အကြောင်းအရာတွေ
သိပ်များပါတယ် ချစ်သူ
ဒီအတွက် စိတ်မရှုပ်နဲ့
ရင်ခုန်သံတွေကို သိမ်းထားပါ။
အမြဲကြားယောင်ပေးနေတယ်။

lapyae said...

ခဏခဏပြုံးမပြပါနဲ့လား
(သွားတွေအအေးပတ်ကုန်မှာကြောက်လို့ပါ)
အခါခါ ရင်ခုန်မှု အောက်မှာ
ငါရုန်းမရနိုင်တော့ဘူး ..(ရင်ဘက်ကြီးနဲ့တအားဖိထားတာကြီးကို.
.ဘယ်လိုလုပ်ပြီးရုန်းလို့ရမှာလဲလို့)
အလွမ်းစက်ကွင်းထဲက
ရုန်းထွက်ဖို့ ကြိုးစားလေ
မင်းအပြုံးတွေ ချည်နှောင်ထားလေပဲ( အလွမ်းစက်ကွင်းထဲမှာ သံယောဇဉ်ဓာတ်တွေ လိုက်နေလို့ဖြစ်မှာပါ....
.အဲဒါကြောင့်ရုန်းလို့မရတာဟုတ်
တယ်မှလား...ချစ်အိမ်ငယ်.
မညာရဘူးနော်.. ..ဟဲဟဲ)

Unknown said...

ကောင်းပါတယ်

www.crystalrays.org said...

အင်းပါ။ နောက်မပြုံးတော့ပါဘူး :P

Anonymous said...

အဲ့ ချာမ ခေါင်းတောင် မဖော်နိုင်တော့ပါလား ..
ချာမ လည်း လွမ်းပြီးရင်း လွမ်းရင်းနဲ့ လွမ်းလို့ ကို မကုန်ဘူးနော် ..
နာမည်နဲ့ လူနဲ့ လိုက်ပါပေ့ ချာမရယ်
ကောင်းတယ် ဆက်ဒေါင်း အဲ့လေ ဆက်ရေး :P

Anonymous said...

ိိပြန်ပြောဖို့ ခက်နေတယ်တဲ့ ဟုတ်တယ် စစ်ရယ် အမ ရင်ထဲမှာလည်း တကယ်ကို ပြန်ပြောဖို့ ခက်နေတယ်

စစ်ရဲ့ကဗျာလေးအဆုံးမှာ

အမက ထပ်ဖြည့်ပေးမယ် ဟားဟား စစ်လိုတော့ ကာရန်ညီမှာ မဟုတ်ပါဘူး

မင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပေးပါ
ချစ်သူရယ် .

မင်းနိုးသွားမှာ ကြောက်လို့ပါ
မင်းနိုးခဲ့ရင်

ငါပြောခွင့် မရှိတော့ဘူးလေ

ဟားဟား ကာရံမညီဘူးနော်

စစ် ရယ် အားလုံးကို အမ အရမ်းသတိရနေတယ်

Anonymous said...

ိိပြန်ပြောဖို့ ခက်နေတယ်တဲ့ ဟုတ်တယ် စစ်ရယ် အမ ရင်ထဲမှာလည်း တကယ်ကို ပြန်ပြောဖို့ ခက်နေတယ်

စစ်ရဲ့ကဗျာလေးအဆုံးမှာ

အမက ထပ်ဖြည့်ပေးမယ် ဟားဟား စစ်လိုတော့ ကာရန်ညီမှာ မဟုတ်ပါဘူး

မင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပေးပါ
ချစ်သူရယ် .

မင်းနိုးသွားမှာ ကြောက်လို့ပါ
မင်းနိုးခဲ့ရင်

ငါပြောခွင့် မရှိတော့ဘူးလေ

ဟားဟား ကာရံမညီဘူးနော်

စစ် ရယ် အားလုံးကို အမ အရမ်းသတိရနေတယ်

Anonymous said...

ိိပြန်ပြောဖို့ ခက်နေတယ်တဲ့ ဟုတ်တယ် စစ်ရယ် အမ ရင်ထဲမှာလည်း တကယ်ကို ပြန်ပြောဖို့ ခက်နေတယ်

စစ်ရဲ့ကဗျာလေးအဆုံးမှာ

အမက ထပ်ဖြည့်ပေးမယ် ဟားဟား စစ်လိုတော့ ကာရန်ညီမှာ မဟုတ်ပါဘူး

မင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပေးပါ
ချစ်သူရယ် .

မင်းနိုးသွားမှာ ကြောက်လို့ပါ
မင်းနိုးခဲ့ရင်

ငါပြောခွင့် မရှိတော့ဘူးလေ

ဟားဟား ကာရံမညီဘူးနော်

စစ် ရယ် အားလုံးကို အမ အရမ်းသတိရနေတယ်

Anonymous said...

“အလွမ်းစက်ကွင်းထဲက
ရုန်းထွက်ဖို့ ကြိုးစားလေ
မင်းအပြုံးတွေ ချည်နှောင်ထားလေပဲ .. ”
မကြီး ကဗျာဖတ်ပြီးမှပဲ လွမ်းစရာမရှိတဲ့လူတောင် လွမ်းသလိုလို ဆွေးသလိုလိုကြီး ခံစားရတယ် :(

Unknown said...

ကဗျာခေါင်းစဉ်လေးလိုပါပဲု ကွန်းမန့်မှာ တခုခု ပြန်ပြောဖို့ကို တော်တော်ခက်နေပါတယ်. ကဗျာတိုင်းက တခုခုတော့ ကောင်းနေသားပဲ..

Anonymous said...

ဘယ်သူ အိပ်မက်ထဲကို ကိုယ်တိုင်သွားပြောမလို့လဲအစ်မရ
စိုးရိမ်စိတ်မရှိအောင် အိပ်ဆေးသောက်အိပ်လေ......

Unknown said...

ညလေးရေ လန်းတယ် ဟေးးး လန်းတယ် .. တကယ်ာကီး လန်းတယ်ကွာ ဆက်ရေးအုန်း အားပေးနေမယ်နော် ..

သားဖြိုး said...

သူလေးကလဲ လွမ်းနေပါရော့လားကွယ်...
ချစ်သူရေ လွမ်းတိုင်းသာ မင်းသိမယ်ဆို
ငါ့အနား မင်း ရောက်နေတာ ကြာပေါ့ကွယ်...

ရုန်းထွက်ဖို့ခက် ဝေးသွားရခက်နဲ့
ဒါတွေ သိစမ်းပါကွယ်...

အစွမ်းကုန် လွမ်းလှတဲ့ ရင်ကို
အသေချာ သိလိုက်စမ်းပါတော့ကွယ်... :P

ရန်ကင်း said...

ဟဲ့...အက်စစ်မ
ကောင်းတယ်....
နင့်အကို
ငါ(Ko Tay)

lovelessguiter said...

တကယ်ပါ..ကဗျာလေးဖတ်ပြီး ခေါင်းစဉ်လိုပဲ
ပြန်ပြောဖို့ ခက်သွားတယ်...

Unknown said...

ရေးပေးဆိုလို့မအားတဲ့ကြားက လာရေးပေးပါတယ်။ မရေးလို့ရှိရင်လည်း တပူပူတဂျီဂျီနဲ့နားငြီးအောင်လုပ်တတ်လွန်းတဲ့သမော်ဒီးရန်က အေးအောင် ဒယ်ဒီလာရေးပေးပါတယ်။ ဘာမှန်းညာမှန်းတော့မသိဘူးဖတ်တော့ဖတ်လိုက်တာဘဲ ဖတ်ရင်းနဲ့ မိန်းမကို လွမ်းသလိုလိုတောင်ဖြစ်သွားတယ် ဆက်ရေးပြီးတော့ ဆက်လွမ်းလိုက်အုံးသမော်ဒီးရေ

Unknown said...

အားပါးးးးးး ... ငါ့ညီမကအလွမ်းနယ်ကမခွာနိုင်သေး ဘူးပဲ ဆက်ပြီးလွမ်းနေတော့မှာလား ..
ကောင်းတယ်ကဗျာလေးက

ညီမလေးအတွက်ကဗျာလက်ဆောင်ပေးလိုက်တယ်

အလွမ်းဒါဏ်
မိုးမှောင်ညိုရီ….ကောင်းကင်တခွင်
မည်းရမိုက်လာ….ဒီလိုချိန်ဝယ်
ရင်ထဲဖြစ်ဖူး….ဒါဏ်ရာဟောင်းက
တူးရင်းဆွတက်…ရင်တွင်းမြစ်ကို
ကံကြမာဖန်…ရက်စက်ပုံများ
လေသွင်းဝင်ထွက်..ခက်ရချည်ရဲ့
မိုးတွေဆဲရင်း..မည်းရ်လာရင်
နေစရာဘယ်နား..ငါ့မှာမရှိ
ကြောက်အားပိုကာ..နေခဲ့ရတယ်
ရင်တွင်းမြစ်က..စွဲမက်ခဲ့တဲ့
ငယ်ချစ်ဟောင်းကို..
ငါဘ၀ထဲက..စွဲခေါ်သွားတာ
ဒီလိုမိုးမည်း…အချိန်ခါပဲ
ရင်တွင်းကွဲအက်..ရရှိခဲ့တဲ့
ငါရဲ့ဘ၀….တွေ့ကြုံရတာ
ခံနိုင်ရေမဲ့..ရဲ့ရဲ့လေသာ
ကျန်တော့တယ်
ယောက်ျားတန်မဲ့..ဒီလိုချိန်ဆို
ကြောက်အားပိုကာ…ငိုခဲ့ရတယ်
ကံကြမာရယ်…အခါခွင့်လို့
ပေးသနားမယ်..ဆိုခဲ့ရှိရင်
ငယ်ချစ်ဟောင်းရဲ့..ရင်ခွင်ထဲမှာ
နားခိုခွင့်လေ….ပေးစေချင်
ယုံကြည်တောင်းတ..မက်မောမူ့နဲ့
တောင်းဆုပြုပါရစေ…
ရင်ခွင်ထဲမှာဘလောင်ဆူဝေ..
ခံရခက်လို့ပါ..မိုးမင်းကြီးရယ်။။။။။။။

လွမ်းပြီးရင်းလွမ်းအောင်လို့

နတ်ဆိုးလေးနက် said...

အရမ်းတော်တယ် ကဗျာလေးတွေကြိုက်တယ်......
အမြဲအားပေးနေမယ်နော်................

Unknown said...

ပြန်ပြောပြဖို့ ခက်နေရင် လဲ ပြောနေတော့လေ...
တော် သေးတာပေါ့ ပြောပြဖို့ ခက်နေလို့
ခက်များ မခက်လို့ ကတော့
ငိုပွဲတွေ ဆင်နွှဲနေရမယ် ထင်ပါ့...

Unknown said...

အားပေးနေပါတယ် မဂျီး
ဒီအပိုဒ်လေးက တိုက်ဆိုင်မူ့ရှိနေတယ်
{ခဏခဏ ပြုံးမပြပါနဲ့လား
အခါခါ ရင်ခုန်မှု အောက်မှာ
ငါရုန်းမရနိုင်တော့ဘူး ..
အလွမ်းစက်ကွင်းထဲက
ရုန်းထွက်ဖို့ ကြိုးစားလေ
မင်းအပြုံးတွေ ချည်နှောင်ထားလေပဲ ..
မဆုံချင်ဘူးဆိုတဲ့ အသိတွေက
ဆုံဆည်း ချင်တဲ့ နှလုံးသားကို
လွန်ဆန် မရတာ
ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး
ပြန်ပြောပြတော့ ခက်လိမ့်မယ်}


နည်းနည်း လွမ်းသွားတယ် မဂျီးရေ...

Unknown said...

အိမ်ငယ်ရေ .. တစ်ပုဒ်ချင်းစီတော့ ကွန်မန့် မပေးတော့ဘူးနော် .. ကဗျာလေးတွေကောင်းတယ် .. လိုက်ဖတ်ရင်းနဲ့ ကျောင်းသားဘ၀ပြန်ရောက်သွားပြီး ကျောင်းထဲကပုံပြင်လေးတောင် အသက်ပြန်ဝင်လာသလိုပဲ .. နာ့ကျောင်းတုန်းက ရောဂါပြန်ထလာရင်တာ့ တရားခံ အိမ်ငယ်ပဲနော်

Unknown said...

(ပြောခွင့်မရတော့ရင်တောင်
မင်းအိပ်မက်ထဲ လာလာပြောပြမယ်)
အိပ်ချင်ယောင်ဆောင်ပြီးတော့ကို နားထောင်နေပါ့မယ် မဂျီးရယ်

ယွန်းနှင်းဖြူ said...

ပြန်ပြောပြတော့ ခက်လိမ့်မယ်
ငါမင်းကို ဘယ်လောက်ချစ်မိသွားလဲ
ဆိုတာ ..
မင်းအသက်ရှူသံလေးက အစ
ငါတယောက်တည်း ကြားခွင့်ရချင်နေတာ

မကြီးဒီကဗျာစာပိုဒ်လေးဖတ်ပီး အကြံတစ်ခုရတယ် .... ပြန်ပေးဆွဲပီးတော့ အခန်းထဲသော့ပိတ်ထားလိုက်မယ်လေ ... ဟီဟိ ... အသက်ရှူသံကိုယ်မှတပါး တခြားမကြားရအောင်ပေါ့ ... ဟုတ်တယ်ဟုတ် ?
ကဗျာတွေက တကယ်ကိုထိတယ် ... ကဗျာထဲမှာ လူကမျောတောင်သွားတယ် ... ဘာမှန်းလဲမသိဘူး ... လူဆိုး :D

NppH

Unknown said...

ပြန်ပြောပြတော့ ခက်လိမ့်မယ်
ငါမင်းကို ဘယ်လောက်ချစ်မိသွားလဲ
ဆိုတာ ..?????