Sunday, June 21, 2009

ကြမ္မာဆိုး

Sunday, June 21, 2009
သခင် သွားလိုရာ ၊ ကျမ မတားပါဘူး
ဝေးဖို့ သတ္တိတွေကြိုးစားမွေးခဲ့သူရပါလေ .. ။

မြင်လှည့်ပါ သခင်
ရင်ခွင်ရဲ့ တင်းကြပ်မှုတွေ
ဘယ်အရာက အံတုနိုင်မှာလဲ ?

ဝေးရမယ် တွေးဆမိတိုင်း
ဘေးကနေ အဖော်ရောက်လာသူက
မျက်ရည်စက်ကလေးတွေလေ .. ။

နှုတ်ခမ်း တစ်စုံပြုံးလို့ နေတတ်ချိန်မှာ
နှလုံးသား တစ်စုံ နုန်းလို့ နေတတ်ပြန်ပါရော

ဖြေတွေးနေခဲ့ပေမဲ့
အနေမအေးရတဲ့ အချိန်တွေ ..
ဘယ်လောက်ထိ စိုးမိုးထားမှာလဲ ?

အချိန်တွေကို ရပ်တန့်စေချင်သလား
ကုန်ဆုံးစေချင်သလား
အို .... ကယောင်ချောက်ချား နဲ့
နောက်ဆုံးတော့ ...............
ကံကြမ္မာသာ ငါ့ရဲ့ မုန်းတီးရာ !

4 comments:

Unknown said...

(ရင်ခွင်ရဲ့ တင်းကြပ်မှုတွေ
ဘယ်အရာက အံတုနိုင်မှာလဲ ? )

ဝလာလို့ ဖြစ်ပါလိမ့်မယ်နော် .....မဂျီး

(နှလုံးသား တစ်စုံ နုန်းလို့ နေတတ်ပြန်ပါရော )

အသက်ကြီးလာလို့ အမောဖောက် တဲ့သဘောဖြစ်မှာပါ ..........

(နောက်ဆုံးတော့ ...............
ကံကြမ္မာသာ ငါ့ရဲ့ မုန်းတီးရာ )

ကံ ကိုလွှဲမချနဲ့လေ ကိုယ့်ဘာသာကို ရအောင်တော့ မကြိုးစားဘဲနဲ့ ...
မရရင် ဒီဒီချက် ကို သွားတောင်းခိုင်းလိုက် ...
ဟီဟိ

Unknown said...

ဖြေတွေးနေခဲ့ပေမဲ့
အနေမအေးရတဲ့ အချိန်တွေ ..
ဘယ်လောက်ထိ စိုးမိုးထားမှာလဲ ?

တသက်စာလုံးထိ ဖြစ်မှာပေါ့ကွယ်....

Unknown said...

“နှုတ်ခမ်း တစ်စုံပြုံးလို့ နေတတ်ချိန်မှာ
နှလုံးသား တစ်စုံ နုန်းလို့ နေတတ်ပြန်ပါရော”

ကဗျာရဲ့ရင်ခွင်ထဲ နစ်ဝင် စီးမျောသွားသလိုပါပဲ .....

Unknown said...

မကြီး အလွမ်းအဆွေးနွံ့ထဲက ဘယ်တော့ထွက်မလည်း

ထွက်မယ့်နေ့ စောင့်နေတယ်။ :D