Sunday, June 21, 2009

တကယ်တော့ ငါဟာ

Sunday, June 21, 2009
မင်းအကြည့်တစ်ချက်မှာ
ငါ အထပ်ထပ် တုန်လှုပ်ခဲ့ရတယ်
တကယ်တော့ .... ငါဟာ
ကန်ရေပြင်နဲ့ တူသော မိန်းမပါ ..

မင်းအပြုံးတစ်ခုမှာ
ငါ အခါခါ ကျရှူံးခဲ့ရတယ်
တကယ်တော့ .. ငါဟာ
ကမ်းပါး နဲ့ တူသော မိန်းမပါ ..

မင်းစကားလုံးတွေကြားမှာ
ငါ အခါခါ ကြွေဆင်းခဲ့ရတယ်
တကယ်တော့ ငါဟာ
ကြယ်ပွင့် နဲ့ တူသော မိန်းမပါ ...

လွမ်းတိုင်းမှာ မှိုင်းတယ်
ငိုတိုင်းမှာ ပြိုတယ်
နင် အနားမှာ ရှိချိန်တော့
ကမ္ဘာမြေကြီးကို လင်းလက်သွားစေတယ်
တကယ်တော့ .. ငါဟာ
ကောင်းကင် နဲ့ တူသော မိန်းမပါ ... ။

7 comments:

Anonymous said...

i luv it also

တကယ်ကို အရမ်းကြိုက်တယ် ဟီး ပြန် စဉ်းစားတော့ ကိုယ့်မိန်းကလေး အချင်းချင်း အမွှန်းတင်နေတာလေးတွေ ပါလို့ များကြိုက်တာလားမသိ ဟားဟား

ကြယ်လေးတွေ ကောင်းကင်ကြီး အရမ်း ဖြစ်ချင်ခဲတဲ့ အမအတွက် ဒီကဗျာက ကွက်တိပါပဲ Thanks haha

Unknown said...

ကန်ရေပြင် ကြီးလို လေရူးတိုက်တိုင်း မတုန်မ
လှုပ် တည်ငြိမ်တဲ့ မိန်းခလေး ........
မြစ်ကမ်းပါး တစ်ခုလို ရေတွေတိုက်စားတိုင်း
မပြိုမလဲနိုင်တဲ့ မိန်းခလေး ...........
ကြယ်ပွင့် ကလေးလို ထာဝစဉ် လင်းလက်
နေတဲ့ မိန်းခလေး .............
ကောင်းကင်ကြီးလို ဘယ်သောအခါမှ ပြောင်း
လဲခြင်း မရှိတဲ့ မိန်းခလေးမျိုး ဖြစ်ရစေကြောင်း
ဖြစ်စေကြောင်း ဆုတောင်းပေးလိုက်ပါတယ်..
မဂျီးရယ်..

january said...

ဒီကဗျာကို အရမ်းကြိုက်တယ်
ခံစားချက်တူလို့ထင်တယ်....
စနိုးကော်မန့်လာရေးသွားတယ်နော်
ဆက်အားပေးနေပါ့မယ်
ဆက်ရေးပါ
ခုချိန်မှာ အလွမ်းကဗျာတွေရေးနေပေမယ့်
တချိန်ချိန် ပျော်ရွင်စရာကဗျာလေးတွေ ရေးလာနိင်ပါစေ
လို့ဆုတောင်းပေးပါတယ်
မြှားနတ်မောင်ရေ.....ချိန်နေတာကြာပီနော်....
ဟီးးးးးးး

Unknown said...

တကယ်တော့ ငါဟာ ငါပါပဲနော်
ဟုတ်တယ်ဟုတ်?????

phway said...

nice... good tal.. chit sone... u still can write those romance poems... :) for me, cnt even think abt it ... :(
anyway ..... i really love yr poems ..

Anonymous said...

နင် အနားမှာ ရှိချိန်တော့
ကမ္ဘာမြေကြီးကို လင်းလက်သွားစေတယ်
တကယ်တော့ .. ငါဟာ
ကောင်းကင် နဲ့ တူသော မိန်းမပါ ... ။

မို့ ဒီကဗျာ အရမ်းကြိုက်တယ် အထူးသဖြင့် အဲဒီ အပိုဒ်လေး ဘာပြောလို့ ပြောရမှန်းမသိအောင်ကို ကြိုက်သွားတယ်

ယွန်းနှင်းဖြူ said...

မကြီးပြောမှ ကိုယ့်ဘာကိုယ် ဘာနဲ့တူလဲတောင် စဉ်းစားလို့ရတော့ဝူး ...ဟီးဟီး :D

NppH