Sunday, June 21, 2009

သစ်ပင်အို နဲ့ ငှက်ငယ်

Sunday, June 21, 2009
အပျံသင်စ
ငှက်ကလေး တစ်ကောင်
ငါ့ရင်ခွင် ကိုင်းထက်မှာ
လာနားဖူးတယ် ...
( သူက အမှတ်တမဲ့ ပါပဲ )

တစ်နေ့တစ်ပင်
သူရစ်ခွင်လို့
ရင်ခွင်ကိုင်းမှာ
တစ်နေရာ စာသူယူသွားတယ် ။
( အသိုက်အမြုံ တစ်ခုရယ်ပေါ့ )

ဒီလိုနဲ့ အိပ်တန်းတက်ချိန်တွေ
မျှော်တတ်သူက .. ငါ
ရောက်မလာတတ်တဲ့အခါ
ရင်ထဲမှာ .. စစ်ခင်း
လမင်းတစ်စင်း တိမ်ဖုံးသွားတယ်

သြော် ...
သူပျော်ရာ ကောင်းကင်ကျယ်သာ
ဖြစ်ခွင့်ရရင် .. ဆိုတဲ့အတွေး
ရင်ကို တကယ်ဆွေးသွားစေပါတယ် ။

ရင်ခွင်အိုကို နာကျင်စေလိုရင်တောင်
ငါမင်းကို ဘယ်တော့မှ မငြိုငြင်ပါဘူး ..

ငှက်ကလေးရေ ...
မင်းမခြွေပေမဲ့
နွေကတော့ ငါ့အရွက်တွေ ခြွေမှာပဲ
မင်းမရှိရင်တော့
ဆောင်းက ငါ့အရွက်တွေ
ပြန်ဝေနိုင်မှာ မဟုတ်တော့ဘူး ..

တစ်နေ့နေ့မှာ အတောင်ဖြန့်ကျက်လို့
ငါ့ရင်ခွင်ရဲ့ ဆန့်ကျင်ဘက်တနေရာ
မင်းပျံသွားမှာ ငါစိုးတယ်

ငါနေ့တိုင်း ငိုနေပါတယ်
ငှက်ကလေးရေ ............... ။

15 comments:

Anonymous said...

I luv it so much sis

ငှက်ငယ်လေး ဘာလုပ်သွားလုပ်သွား သစ်ပင်ကြီးက ကျေနပ်နေတယ်လေ

အဲဒီတော့လည်း ဘယ့်သူ့မှ အပြစ်မတင်တော့ပါဘူး

ကျေနပ်နေတဲ့ကိုယ့်ဘာသာ အပြစ်တင်တော့မယ် စစ် ;)

Unknown said...

ကောင်းတယ်မမ.. အားပေးနေတယ်

Unknown said...

သစ်ပင်လိုခံစားချင်တဲ့နင့်နှလုံးသား ငှက်ငယ်ကလေးလို ကျယ်ပြန့်တဲ့ကောင်းကင်ကြီးကိုဘဲ ချစ်တဲ့ ချစ်သူ ဒီလိုအဖြစ်တွေကြားမှာ နင်အသည်းကွဲတာစမ်းတော့မစမ်းသလိုဘဲ။ :P

Unknown said...

(တစ်နေ့နေ့မှာ အတောင်ဖြန့်ကျက်လို့
ငါ့ရင်ခွင်ရဲ့ ဆန့်ကျင်ဘက်တနေရာ
မင်းပျံသွားမှာ ငါစိုးတယ် ။)

အဝေးကို ပျံမသွားနိုင်အောင်လို့ အတောင်တွေညှပ်ထားလိုက်နော်
မဂျီး ။လွယ်လွယ်လေး ကို စိတ်ညစ်
ခံနေသေးတယ်... .ဟီဟိ

www.crystalrays.org said...

saung yay ayan kg tal ,,,arr bwar

Unknown said...

ကောင်းလိုက်တဲ့ ကဗျာလေး....
ဖတ်ရင်းနဲ့ ဘာကိုလွမ်းရမှန်းမသိ လွမ်းလာသလိုပဲ..
ခဏခဏ ငိုရအောင်တော့ မလုပ်ပါနဲ့ ညီမလေးရယ်...

Unknown said...

၁ခါလွမ်းတိုင်းသာ ၁ကျပ်ရမယ်ဆိုလို့ကတော့ ဖွားဆောင်းတို့မီလျှံနာဖြစ်လောက်ပီ

lapyae said...

တကယ်တော့..သစ်ပင်ဆိုတာ
စကားမပြောတက်ဘူးလေ...
ငှက်တွေကသစ်ပင်ပေါ်မှာ နားပြီဆိုရင် လုပ်ချင်ရာကိုလုပ်ကျမယ် ကျင်ကြီးစွန့်ချမယ်
ကျင်ငယ်စွန့်ချမယ်...လူတွေကျတောလည်း သစ်ပင်ကြီးရင် အရိပ်ခိုမယ်..အခတ်ချိုးမယ်..
အပင်ငယ်ရင်တော့ ဟိုဟာလုပ်မယ်..(မီးစိုက်ဖို့ ထင်းခုတ်မယ်ကိုပြောပါတယ်... :P)...ဒါတွေကသဘာဝပါလေ..:P

lovelessguiter said...

သစ်ပင်အိုနေရာကနေ ခံစားလိုက်မိပါတယ်..

Anonymous said...

My
1 heart,
2 eyes,
7 liters blood,
206 bones
5.5 million red cells
60 trillion DNA's
says to u
"I MISS U A LOT"

မိုးစက်ငယ် said...

ဒီလိုနဲ့ အိပ်တန်းတက်ချိန်တွေ
မျှော်တတ်သူက .. ငါ
ရောက်မလာတတ်တဲ့အခါ
ရင်ထဲမှာ .. စစ်ခင်း
လမင်းတစ်စင်း တိမ်ဖုံးသွားတယ်

ရင်ခွင်အိုကို နာကျင်စေလိုရင်တောင်
ငါမင်းကို ဘယ်တော့မှ မငြိုငြင်ပါဘူး ..
မကြီးရေ ထပ်တူထပ်မျှ ခံစားသွားတယ် ကောင်းလိုက်တာကွယ် တစ်ဖြေးဖြေးနဲ့ တို့ချစ်မကြီး ပို လွမ်းတတ်လာသလိုပဲ ပိုးစိမ်းကြူးလေးကို လာနားခိုင်းလိုက်မယ်လေ

Unknown said...

ကောင်းလိုက်တဲ့ အလွမ်းလေး
ဓါတ်ခံရှိနေသူ တစ်ယောက် အဖို့တော့ ရင်ထဲ တည့်တည့်ကြီး ၀င်မှန်သွားသလိုပဲ
ကျောင်းတော်ကြီးကို သတိရလိုက်တာ
ခုနေများ မင်းဘယ်ရောက်နေပါလိမ့်မလဲ ငှက်ကလေးရေ ...

ယွန်းနှင်းဖြူ said...

မကြီး ကဗျာတွေရေးတာတွေ ပိုပိုကောင်းလာတယ် ...
ကြိုးစားနော် ... ကဗျာနဲ့ နှလုံးသား တစ်ထပ်ထဲဖြစ်နိုင်ပါစေ ညလေးဆုတောင်းပေးပါတယ်နော် :)

NppH

နတ်ဆိုးလေးနက် said...

သစ်ပင်အိုတောင်ခံစားချက်တွေပြည့်နေရင်
ကဗျာဆရာမလေးရင်ထဲက ငှက်ကလေးဆိုရင်ပိုပြီးခံစားတယ်မယ်ထင်တယ်....

ကောင်းတယ်ဗျာ ခံစားရတယ် အားပေးတယ်
ဆက်ရေးနော်...........

Unknown said...

ငိုပါနဲ့ မကြီးရေ... နောက်ငှက်တကောင် ညလေးဝယ်ပေးပါ့မယ်။ :D

ချစ်သူကိုလွမ်းတိုင်းသာ ဒီကဗျာတွေ လာဖတ်ရရင်တော့ မျက်ရည်တွေအမြဲဝေနေတော့မှာဘဲ။