Sunday, June 21, 2009

freedom

Sunday, June 21, 2009
နင်နဲ့ ငါကြားက
တံတိုင်းလေး တစ်ချပ်
ငါ့ နှလုံးသား တွန်းကန်အားနဲ့
ဖြိုဖျက်ခဲ့မယ် ဆိုရင်
မင်း .. ကျေနပ်နိုင်မလား ?

ယိုင်လုလု တံတိုင်းလေးတစ်ချပ်ကို
မင်းဘယ်လို ခံနိုင်အားတွေ နဲ့
တွန်းကန်ထားရတာလဲ
( ဆိုပါ ) ချစ်သူ ...

မင်းမရှိတဲ့ .. ည
လမသာပါဘူး ....
မင်းမရှိတဲ့ ... ည
ကြယ်လေးတွေလည်း မကတော့ဘူး ။

မင်းမရှိတဲ့ ဆည်းဆာ
အလွမ်းတွေက နေ၀င်မသွားဘူး
မင်းကို လွမ်းတဲ့ ဆည်းဆာ
မျက်ရည်တွေက နှုတ်ဆက်မသွားဘူး .. ။

မသိစိတ်နဲ့ သိစိတ် လွန်ဆွဲပွဲမှာ
ချစ်စိတ်က ပြန်ပေးဆွဲသွားတယ်
ငါ့ကိုကယ်တင်နိုင်စရာ
မင်းမှ တပါး အခြားမရှိပါဘူး ။

ငါ ... အကျဉ်းထောင်မှာ
တကယ်မနေလိုပါဘူး ..
သံတိုင်တွေ ကြားက
မင်းကို အမြဲ ...
မျှော်ငေးနေမိသူပါ
ချစ်သူရယ် ..... ။

8 comments:

january said...

မရီးရေ ကဗျာဖတ်ရတာ နည်းနည်းတောင်လန့်တွားလယ်
သံတိုင်တွေပါလာလို့ ချစ်ညလေးတွေလည်းကယ်နိင်ဝူး
တစ်ယောက်ပဲကယ်နိင်တယ်ဆိုတော့
သွေးသောက်တွေပေါင်းပီး .....ဆွဲခေါ်ခဲ့မှထင်တယ်
သတိထားနော်....ဟင်းဟင်း

Unknown said...

(နင်နဲ့ ငါကြားက
တံတိုင်းလေး တစ်ချပ်
ငါ့ နှလုံးသား တွန်းကန်အားနဲ့
ဖြိုဖျက်ခဲ့မယ် ဆိုရင်
မင်း .. ကျေနပ်နိုင်မလား)

ကျေနပ်ပါတယ်ကွယ် ............

( ဆိုပါ ) ချစ်သူ ...
ဘာ ဆိုပြရမှာလဲဟင် ............

(မင်းမရှိတဲ့ .. ည
လမသာပါဘူး ....
မင်းမရှိတဲ့ ... ည
ကြယ်လေးတွေလည်း မကတော့ဘူး ။)

လမိုက်ညမှာ မိုးရိပ်တွေတတ်နေလို့ ပါ ခလေးရယ် .............

ငါ့ကိုကယ်တင်နိုင်စရာ
မင်းမှ တပါး အခြားမရှိပါဘူး ။

လာကယ်မှာပေါ့ နေရာသာပြော ကယ်ချင်
လွန်းလွန်းလို့ ..........

အမြဲ ...
မျှော်ငေးနေမိသူပါ
ချစ်သူရယ် ..... ။

ဘာမှာလည်း မစားပါဘူး ၊ မျှော်မနေနဲ့လေ ....

Unknown said...

”မသိစိတ်နဲ့ သိစိတ် လွန်ဆွဲပွဲမှာ
ချစ်စိတ်က ပြန်ပေးဆွဲသွားတယ်
ငါ့ကိုကယ်တင်နိုင်စရာ
မင်းမှ တပါး အခြားမရှိပါဘူး ။ ”
အဲဒီ မင်းက စစ် ကိုလာကယ်တင်နိုင်ပါစေလို့ ...

Unknown said...

“မသိစိတ်နဲ့ သိစိတ် လွန်ဆွဲပွဲမှာ
ချစ်စိတ်က ပြန်ပေးဆွဲသွားတယ်”

ထိသဗျာ ......

ယွန်းနှင်းဖြူ said...

သူများတော့ထောင်ထဲဝင်ချင်ဘူးနော် မကြီး တော်ကြာ မကြီးလို တစ်ယောက်ထဲပဲ ကယ်နိုင်တယ်ဆို ဂန့်နေဦးမယ် ... ဟီးဟီး ... စ တာ ... ချိတ်ချိုးနဲ့ နော် :)

NppH

Anonymous said...

( ငါ ... အကျဉ်းထောင်မှာ
တကယ်မနေလိုပါဘူး .. )
မသိလို့မေးပရစေနော် ဘာအကျဉ်းထောင်ကို ပြောတာလဲဟင်
အစ်မ.... :D

Blade said...

Bravo !!! always amazing things u did it. loving the title and the way u feels as well. \m/ Blade

million said...

ဟ ဟ ဟ ကိုယ့်ကို ကိုယ် များထောင်ထဲ ၀င်နေသေးတယ်.. freedom လွှတ်စေ..ဟဲဟဲ အမမောင်လေး လာလွှတ်ပေးတယ်နော်..ကျေးဇူးတင်