Sunday, June 21, 2009

ကျမ ချစ်မိ အပြစ်ရှိ၏

Sunday, June 21, 2009
ဝန်မခံချင်ပါဘူး .. မောင်ရယ်

သိက္ခာတွေ မစတေးချင်လို့
မဟုတ်ဘူးနော် ....
ပျက်ရယ်ကာ ပြုလေမလား
တွေးပူခဲ့ရသူပါ ....

ရင်ထဲမှာ အထပ်ထပ်ရစ်
အတွေးနစ်သူ ကျမ
နှလုံးသား နွမ်းရစ်အောင်
ချစ်ခဲ့ရသူပါ .....

သိနေမှာပါလေ ..
ဟန်ဆောင်ကာထားလည်း
လွန်ဆန်ကာသွားခဲ့တဲ့
ဒီမျက်ဝန်းတွေ
အပြစ်ပေးလိုက်သင့်သလား ?
ဆုံးဖြတ်ရ ခက်လွန်းသူပါ ...

အပြစ်ဒဏ်အဖြစ်
သေဒဏ်ခတ်မယ်ကြံတိုင်း
အယူခံ ၀င်နေတဲ့ ကျမ မျက်ဝန်းတွေ
မိုးထပ် မပြိုစေချင်တော့ဘူး ..
ခွင့်လွှတ်ပေးပါ ... မောင်ရယ် !

ကျမက အလွန်သတ္တိနဲ လွန်းသူပါ ... ။

11 comments:

Unknown said...

ဘ၀မှာ အလိုတွေ မကျလို့ ကဗျာလေးတွေနဲ့
ဖြေသိမ့်နေတဲ့ မဂျီးကို ကျနော် လေ ..
ကျနော် ..... ဘယ်လိုနှစ်သိမ့်ရမှန်းကို သိဝူး

january said...

ဦးထွန်း ဘယ်လိုနှစ်သိမ့် ချင်လို့တုန်း....ဟင်းနော်
ဦးထွန်း နှစ်သိမ့်လည်း ဆေးမတိုးဝူး
ပိုးစုန်းကြုးပဲရမှာ .....ဆေးကရှိပီးသား ...
အနာလည်းသိတယ်....ဆေးလည်းရှိတယ်
ခက်တာက မြှားနတ်မောင်ပေါ့
ချိန်နေတုန်း...ဟင်း..ချိတ်လေတယ်...

Unknown said...

ကျမမျိုး သေသင့်ပါသည် ဆိုရင် ပိုကောင်းမယ်ထင်တယ်နော်။

thwin maung said...

ဒုက္ခကိုဆေးဆိုးရင်း ဆေးစွန်းတော့မယ်ထင်ရဲ့
ကျွန်တကာ့ကျွန် အချစ်ကျွန်ဖြစ်ချင် လည်းမတားတော့ပါဘူး ဖြစ်စေဗျာ..........................................

ချစ်အိမ်ငယ် said...

တားပါ ဘရားသား မှ မတားရင် တားမယ့်သူ မရှိတော့ဝူး
အဲ့လို ကြီးပြောတော့ ငိုချင်တယ် မနေနိုင်လွန်းလို့ ပြန်ဝင်ရေးတာ
မိုက်မဲနေတဲ့ ကိုယ့်စိတ်တွေကို တကယ်မနိုင်တော့ဝူး :(

Unknown said...

အရှုံးပေးချင်တဲ့ စိတ်တွေကို စမ်းရေစီးမှာ မျှောပစ်လိုက်
အညံခံချင်နေတဲ့ နှလုံးသားကို နာကျည်းမှုနဲ့ အရောင်တင်လိုက်
ပြီးရင် ကောင်းကင်ထဲမှာ ပြေးလွှားဆော့ကစားနေလိုက်ပေါ့

Unknown said...

ချစ်မိတာအပြစ်မရှိပါဘူးမရယ်..ချစ်သွားတာလဲအပြစ်မရှိဘူး..
မချစ်လိုက်ရတာဘဲ အပြစ်ရှိချင်ရှိမယ်.. :D

နတ်ဆိုးလေးနက် said...

အလိုမကျခြင်းတွေ များဘ၀မှာရှိခဲ့လို ဒီကဗျာလေးရေးတာလား
မင်းသမီး စိုးမြတ်သူဇာရေးတဲ့ ၀တ္ထုလေးပြန်သတိရတယ်.......... သူ့ချစ်သူကိုမောင်လို့တင်စားထားသလို
မရီးဆောင်းကလဲ မရီးချစ်တဲ့သူကို့"မောင်"
လို့တင်စားတာတာကောင်းတယ်ဗျာ ကဗျာလေးက
ဖြေဆေးရှိရင် အမြန်ဖြေလိုက်ပါအမရယ်
မောင်ကိုတမ်းတရင်းပေါ့............ကျွန်တော်တောင်
လွမ်းလာပြီဗျာ ဖတ်ရင်းးးးးးးးးးးး

Unknown said...

ရင်ထဲမှာ အထပ်ထပ်ရစ်
အတွေးနစ်သူ ကျမ
နှလုံးသား နွမ်းရစ်အောင်
ချစ်ခဲ့ရသူပါ .....

ညလေးနဲ့ တူလိုက်တာ။ ညလေးလည်း အဲ့လိုမျိုးကိုချစ်တာ။ ဒါပေမဲ့ ညလေးက အုံ့ပုန်းတော့မဟုတ်ဘူး။ မကြီးလည်း ဒီဘဝက မြန်မြန်လွတ်ပါစေတော့။ မလွတ်ရင်လည်း လွှတ်ခဲ့တော့ ဒီဘဝ ဒီမျှလို့သာ စဉ်းစားလိုက်တော့

Anonymous said...

ချစ်မိသူတိုင်းအပြစ်ရှိ၏လား...... အဟီး :P

million said...

အပြစ်ရှိတယ်ထင်ရင်လဲ မချစ်နဲ့ပေါ့အမကြီးရဲ့ ဟိ ဟိ