Saturday, May 9, 2009

ပုံသေ

Saturday, May 9, 2009
နွေဟာ ..... နွေပဲ
မိုးဟာ ... မိုးပဲ
ဆောင်းဟာ ... ဆောင်းပဲ
မပြောင်းလဲပါဘူး ... မောင်


ပေးဆပ်နေမြဲ
ဆွေးတတ်နေဆဲ ..
အအိပ်ပျက်နေလည်း
မမုန်းရက်ခဲ့ပါဘူး ... မောင်

အိပ်မက်ထဲလည်း ရောက်မလာ
ပုံရိပ်လေးတောင် ဖျောက်ကာထားသူ
ဒီအပူတွေ လွန်ဆန် မရသူအကြောင်း
ခေါင်းစဉ် မတင်လိုတော့ပါဘူး

သက္ကရာဇ်တွေ ပြိုနေသည်နှင့်အမျှ
ရင်ခွင်က ငိုလို့နေသူ အကြောင်း
တစေ့တစောင်း တောင်
မောင် မတွေးတတ်တာ .. ယုံကြည်ပြီးသားပါ။

အလွမ်းငွေ့တွေ
လေပြေတွေတောင် သယ်ဆောင်ခွင့်
....... မပေးခဲ့ဘူး
မောင်အသက် ရှူမ၀မှာ
တွေးပူတယ်

မိုးပဲသဲသဲ နှင်းပဲဖွဲဖွဲ
ုမြူပဲဝေေ၀၊ အမြဲတစေ
တွေဝေနေတတ်ခဲ့သူပါ
တခါတရံသာ ရောက်လာတတ်ပေမယ့်
ကျမကတော့
အချိန်မှန် လွမ်းနေတတ်သူပါ ..
မောင် .. !

2 comments:

သွင်မောင် said...

အရာရာအားလုံးဟာ အချိန်နဲ့ အမျှ ပြောင်းလဲနေပေမဲ့ မပြောင်းလဲနိုင်သေးတာက အလွမ်းသခင်မလေးပါလား .... အမြန်ဆုံးအပြောင်းအလဲလေးတွေဖြစ်ပါစေ အလွမ်းသခင်မလေးရေ........

Anonymous said...

အလွမ်းခြေရာလေးတွေ
ကြိုးစား ရင်မှာ.. အဖြေရှာရင်း
မင်း..လေး တယောက်
လွမ်းမောမှုမှ ကင်းဝေးပါစေ....