Saturday, May 9, 2009

နဲနဲလေးတော့ ခံစားပေးပေါ့

Saturday, May 9, 2009
သက်ပြင်းလေးတွေ ခိုးခိုးချ
စိုးရိမ်နေခဲ့မိတာ
ဆုံးရှူံးလိုက်ရမှာ
တခုတည်းပါ ..


မင်းနဲ့ ဆုံပြီးတိုင်း
မနက်ဖန် ဆိုတာ
အလွမ်းတွေ ချည်းပဲ မဟုတ်လား

မြင်လည်းလွမ်း
မမြင်လည်းလွမ်း
နေရင်းထိုင်ရင်းလွမ်းတယ်ဆိုတာ
ငါ့အသက်ရှူသံတိုင်းပါပဲ

ယုံ .. လို့တော့
မတိုက်တွန်းလိုဘူး
စိတ်ကူးတွေထဲမှာ
အမြဲရှိနေသူပါ ..

လှမ်းမလာပါဘူးဆိုတဲ့
ငါ့ခြေလှမ်းတွေကတော့
အလွမ်းတစ်ရာမက
စိုးမိုးထားခဲ့တာပါ ..

ဒါပေမယ့်
စွန့်လွှတ်နိုင်တဲ့ သူရဲကောင်းတော့
ကိုယ် ... မဟုတ်ဘူး

ပေးဆပ်နေမှုတိုင်းအတွက်
မင်း ဆွေးတတ်နေစရာမလိုပါဘူး
မင်းကို အတွေးမခက်စေအောင်လည်း
အေးအေးစေးစေး လေးပဲ
ချစ်ခဲ့တာ

နွေးနွေးထွေးထွေး လေးဖြစ်အောင်တော့
ခပ်ရေးရေးလေး ခံစားပေးပေါ့
ချစ်သူရယ် ...

12 comments:

Anonymous said...

အင်း ဖွင့်ပြောပါဆိုတာကျ ဖွင့်မပြောဘူး
သက်ပျင်းပဲ ချနေတယ် ဟင်းနော်

Unknown said...

မကြီးရေ တခြားလိုင်းပြောင်းပြီး ရေးကြည့်ပါဦး။ မကြီးကဗျာတွေအကုန်လုံး မျက်ရည်ချောင်းထဲ နှခေါင်းဖော်နေရရှာပြီ။ ပက်လက်ကူးဖို့ဘဲကျန်တော့တယ်။ ဟီး.......

Unknown said...

ပြောတော့ နည်းနည်းလေးခံစားပေးပါဆို.. ဒီမှာ အများကြီး ခံစားမိသွားပြီ.. မကယ်နိုင်တော့ဘူးလား

Unknown said...

အလွမ်းများနဲ့ ထာဝရကင်းကွာနိုင်သောသူ ဖြစ်ပါစေ....

ပုံ
ဖေဂျီး

Anonymous said...

မကြီးရယ်..ဒီမှာအလွမ်းဓါတ်ခံ ရှိနေတဲ့သူမှာ ဒီကဗျာတွေဖတ်ပြီး မျက်ရည်ချောင်းထဲ မျောသွားပြီ..ဗြဲ..ကိုကို ကိုယ်အမြန်လာဆယ်ခိုင်းမှ ဖြစ်တော့မယ်..^_*

Anonymous said...
This comment has been removed by the author.
မင်းအိမ်ဖြူ Minn Eain Phyu said...

ကဗျာလေးတွေ ဖတ်သွားပါတယ်
ကောင်းတယ်ဗျ
နောက်မှထပ်လာခဲ့ပါအုံးမယ်

Unknown said...

နွေးနွေးထွေးထွေး လေးဖြစ်အောင်တော့
ခပ်ရေးရေးလေး ခံစားပေးပေါ့
ချစ်သူရယ် ...

နွေးနွေးထွေးထွေး ဖြစ်အောင် များ မဦး ရယ်...
အနွေးထည်လေး ၀တ်ထားပေါ့ ဗျာ....ဒါမှ မရသေးရင်
စောင်လေးခြုံပြီး ကွေးနေလိုက်ပေါ့ ဒါလည်း နွေးတာပဲ
လေ...

Unknown said...

ယုံ .. လို့တော့
မတိုက်တွန်းလိုဘူး
စိတ်ကူးတွေထဲမှာ
အမြဲရှိနေသူပါ ..

ဘာလဲ မဦး ရဲ့ အကြွေးရှင်လား... ဟီးးးးး

Unknown said...

ပေးဆပ်နေမှုတိုင်းအတွက်
မင်း ဆွေးတတ်နေစရာမလိုပါဘူး
မင်းကို အတွေးမခက်စေအောင်လည်း
အေးအေးဆေးဆေး လေးပဲ
ချစ်ခဲ့တာ

မိုက်တယ် ချစ်မဂျီးရေ

အဲ့အပိုဒ်လေး ကို ခိုက်တယ်

Unknown said...

နွေးထွေးသွားအောင် အနွေးထည်လေးဘာလေး ၀တ်ပေါ့ကွယ်

Unknown said...

(သက်ပြင်းလေးတွေ ခိုးခိုးချ
စိုးရိမ်နေခဲ့မိတာ
ဆုံးရှူံးလိုက်ရမှာ
တခုတည်းပါ ..)
ပေါင်ပြီးရင် ပြန်ရွေးမှာပေါ့ ၊ ဆုံးရှုံးစရာလား ။

(မင်းနဲ့ ဆုံပြီးတိုင်း
မနက်ဖန် ဆိုတာ
အလွမ်းတွေ ချည်းပဲ မဟုတ်လား)
အမ် ...နက်ဖန် နောက်တယောက် ထပ်တွေ့
နိုင်တာဘဲဟာကို ...
လွမ်းလောက်ပါဝူး ..

(မြင်လည်းလွမ်း
မမြင်လည်းလွမ်း
နေရင်းထိုင်ရင်းလွမ်းတယ်ဆိုတာ
ငါ့အသက်ရှူသံတိုင်းပါပဲ)
အဲဒါ အလုပ်မရှိလို့ဖြစ်တာပါ မဂျီးရယ်
အိမ်အလုပ်တွေသာ ဇယ်ဆက်အောင်လုပ်နေ
လိုက် လွမ်းတယ်ဆိုတာ ဘယ်နေမှန်းတောင်သိမှာဟုတ်ဝူး

(ယုံ .. လို့တော့
မတိုက်တွန်းလိုဘူး
စိတ်ကူးတွေထဲမှာ
အမြဲရှိနေသူပါ ..)
အဲဒီ စကားလေးတခွန်းနဲ့ဘဲ
ဘ၀ အမောတွေကို ပြေပျောက်စေတာပါ

(လှမ်းမလာပါဘူးဆိုတဲ့
ငါ့ခြေလှမ်းတွေကတော့ )
လမ်းမလျှောက်နိုင်လို့ဖြစ်မှာပါ

(ဒါပေမယ့်
စွန့်လွှတ်နိုင်တဲ့ သူရဲကောင်းတော့
ကိုယ် ... မဟုတ်ဘူး)
သူရဲကောင်းဆိုတာ စွန့်လွှတ်မှ မဟုတ်ဖူးလေ ၊ ရယူနိုင်တာကလဲ သူရဲကောင်းဘဲ


(ပေးဆပ်နေမှုတိုင်းအတွက်
မင်း ဆွေးတတ်နေစရာမလိုပါဘူး)
ဆွေးပါဝူး ရေနံဝနေပြီ

(မင်းကို အတွေးမခက်စေအောင်လည်း
အေးအေးစေးစေး လေးပဲ
ချစ်ခဲ့တာ)
အဲစကားလေးတခွန်းနဲ့ တင် အမှတ် အပြည့်
ပေးလိုက်ပြီ

(နွေးနွေးထွေးထွေး လေးဖြစ်အောင်တော့
ခပ်ရေးရေးလေး ခံစားပေးပေါ့
ချစ်သူရယ် ... )
ခံစားပြီးရင် စံစားရဖို့ဘဲရှိလေတော့ ....
ခံစားပေးရမှာပေါ့လေ...