Thursday, January 15, 2009

မျှော်လင့်တလှည့်ဆုံးရှူံးတခါ

Thursday, January 15, 2009
မင်းမျက်ဝန်း နဲ့ မဆုံရဲခဲ့ဘူး
အမှတ်တမဲ့ မင်းအကြည့်တွေမှာ
ငါ .. ဘာကြောင့်
ရင်ခုန်နေတတ်ခဲ့တာလဲဟာ ...


ပြုံးပြပါလို့
မတောင်းဆိုရဲခဲ့ဘူး
သူများအတွက် အပြုံးလေးတွေနဲ့
ရောင့်ရဲ ပါတယ်ဆိုတဲ့ငါ
နင့်အပြုံးလေးတွေ
ဘာကြောင့် ပိုင်ဆိုင်ချင်နေတာလဲဟာ ..

ပြန်ချစ်ပါလို့
မတောင်းဆိုချင်တော့ပါဘူး
ခင်မင်မှုတွေနဲ့ ရောင့်ရဲပါတယ်ဆိုတဲ့ငါ
နင်မသိအောင်
ဘာကြောင့်ငိုနေတတ်တာလဲဟာ

မပျိုးဘဲ ရှင်သန်ခဲ့တဲ့ မျှော်လင့်ချက်
မခူးသေးခင်
ဘာကြောင့် ကြွေဆင်းခဲ့ရတာလဲ
ရင်ထဲမှာ ကြယ်ကြွေခဲ့ပေမဲ့
လေထဲမှာတော့ မပျောက်ကွယ်ချင်ဘူး

ရူမိုက်တယ်ပဲပြောပြော
မျှော်လင့်ချက်တွေ စူးခဲ့ရတဲ့ရင်ထဲ
ထူးခြားစွာ ရခဲ့တဲ့ အနာတရတွေက
ငါ့အနာဂတ်တွေကို
မူးဝေသွားစေခဲ့တာ
ချစ်သူရေ .......
မင်းကိုတော့ မကူးစေချင်တော့ဘူး

0 comments: