Thursday, January 15, 2009

ထပ်ထပ်လို့မေးချင်

Thursday, January 15, 2009
ဆုံဆည်းဖို့ .. မွေးဖွါး
ခွဲခွါဖို့ ဆုံဆည်းခဲ့ကြတာ
သဘာဝပဲ မဟုတ်လား
ဒါပေမဲ့ မျက်ရည်တွေ ကတော့
လွန်ဆန်ခဲ့ကြတယ်
ကြယ်လေးတွေတောင်
ကောင်းကင်မှာ အမြဲနေခွင့်မရှိဘူး
တချိန်ချိန် ကြွေကျရသေးတယ်
အဲ့ဒိအသိကလည်း
ရင်ကို တကယ်မထိခဲ့ဘူး
ဖွင့်ဟပြောခွင့်မရခင် ..
တဒင်္ဂလေးတောင် ဝေးမသွားချင်ဘူး
ရင်ထဲက အတ္တတွေ တနေ့တခြား
ဆတိုးလာခဲ့တာ
ဖြေဆေးကြွေးမဲ့လက်တွေကို
ဘယ်အရာတွေကများ တုံ့နှေးစေတာလဲ
ငိုခွင့်မရတဲ့ မျက်ဝန်းတစုံ
ရင်ထဲမှာတော့ .. ထစ်ချုန်းနေတယ်
တကယ်ပဲ ကျမကို ထားသွားမှာလား
မောင် .............

0 comments: