ဘ၀ရေစိုဖို့
အိပ်မက်ပြိုသလိုမျိုးပေါ့
ဒါဆင်ခြင်တွေပါပဲ ..... ။
ဘ၀ကို တည်ဆောက်ရမှာ
အချစ်က
အညှီအဟောက် ဖြစ်သွားဖို့မလိုပါဘူး
ရင်ခုန်ခဲ့ရတာချင်း အတူတူ
မင်းက ငြင်းဆန်ရက်သူ
ကံကို ယိုးမယ်ဖွဲ့လို့
သတ္တိနဲခဲ့မှတော့
ငါဆိုးနွဲ့ခဲ့တာလည်း
မင်းအတွက် မာယာပေါ့
မုန်းချင် ... မုန်းပါ ချစ်သူ
မိုးပြိုပြီးသား ကောင်းကင်ဟာ
မိုးညိုမှာ မကြောက်တော့ပါဘူး
မစဲတော့မဲ့ အလွမ်းမိုး
ထပ်သဲချင်သဲပါစေတော့ကွယ် ............။
2.6.10
Wed
3:00 am
Thursday, May 5, 2011
Subscribe to:
Post Comments (Atom)
1 comments:
"ရင်ခုန်ခဲ့ရတာချင်း အတူတူ
မင်းက ငြင်းဆန်ရက်သူ"
kwit ti pae
Post a Comment