Wednesday, March 5, 2008

မင်းလိုအပ်တာ

Wednesday, March 5, 2008
မင်းမရှိရင်
အသက်မရှင်နိုင်တာ မဟုတ်ဘူး
ငါအသက်ရှင်ဖို့
မင်းလိုအပ်တာ


မင်းမရှိလို့
ဝမ်းနည်းတာ မဟုတ်ဘူး
ငါပျော်နေဖို့
မင်းလိုအပ်တာ

မင်းမရှိရင်
ကျရှုံးသွားမှာ မဟုတ်ဘူး
ငါအောင်မြင်ဖို့
မင်းလိုအပ်တာ

မင်းထားသွားလို့
ငိုနေတာ မဟုတ်ဘူး
ငါရယ်နိုင်ဖို့
မင်းရှိနေမှ ။

0 comments: