Sunday, March 23, 2008

စွန့်သွားမှာစိုးတယ်

Sunday, March 23, 2008
မျက်ဝန်းတွေနဲ့ .. ငြှို့ငင်
နှုတ်ဖျားတွေနဲ့ ဖြားရောင်း
သနားစရာ အမူအရာကောင်းတို့ဖြင့်
ငါ့နှလုံးသားကို တခဏလေးအတွင်းမှာ ..
အပိုင်သိမ်းသွား ခဲ့သူရေ ..
တနေ့နေ့မှာတော့
အသစ်မဖြစ်တော့လဲ
အဟောင်းအဖြစ်
တပါးရင်ခွင်ထဲ
မစွန့်ပြစ်လိုက်နဲ့နော် ...

0 comments: