Monday, March 17, 2008

ငါတကယ်မမုန်းခဲ့တာ

Monday, March 17, 2008
ငါအရမ်းမြတ်နိုးတဲ့မင်းကို
ပြုံးပြုံးလေးနဲ့
တပါးသူလက်ထဲအပ်ဖို့
ငါ့မှာသတ္တိမရှိလို့


ပိုင်ရှင်ရှိမှန်းသိတဲ့ မင်းကို
တခဏ သာ
ပိုင်ဆိုင်ဖို့ ငါ့မှာ
အင်အားမရှိလို့

မရယူနိုင်မှန်း
သေချာနေတဲ့ မင်းကို
ထာဝရပေးဆပ်ဖို့
ငါကြိုးစားလို့

မင်းနဲ့ မဆုံဆည်းအောင်
ကြိုးစားခဲ့တဲ့ ငါ
မင်းကိုလုံးဝ မမုန်းခဲ့တာ
မင်းသိရဲ့လား ...။

0 comments: