Monday, March 24, 2008

ရိုးသားဖြူစင်တဲ့ အချစ်

Monday, March 24, 2008
မာယာတွေသုံးကာ
နှလုံးသားကို တခဏအတွင်း
ခြွေယူသွားနိုင်တဲ့ အသုံးအနှုန်းမျိုး
ငါမဆိုတတ်ပါ ချစ်သူ ..
ဟန်ဆေင်ကာကြည့်တဲ့
ရင်ခုန်သံကို တခဏအတွင်းမြန်စေမဲ့
ရီဝေညှို့ငင်နိုင်တဲ့ မျက်ဝန်းပိုင်ရှင်
ငါမဟုတ်ပါ ချစ်သူ..
ပကာသနတွေနဲ့ တန်ဆာဆင်
တခဏအတွင်း သိမ်းသွင်း
စွဲမက်စေခြင်း အပြုံးမျိုး
ငါမပြုံးပြတတ်ပါ ချစ်သူ ...
(တကယ်တော့)
ငါ့မှာရှိတာ မင်းကိုမစွဲဆောင်နိုင်တဲ့
ဖြူစင်တဲ့" အချစ် "
ကြင်နာသော " မျက်ဝန်း "
ချိုမြိန်တဲ့ " အပြုံး " တွေပါပဲ .. ။

0 comments: