Tuesday, April 22, 2008

လွမ်းစိတ်

Tuesday, April 22, 2008
လေပြေလေးတွေနဲ့ဆော့ကစား
အလွမ်းပြေမလားလို့
ငါကြံဆကြည့်တယ် ။


လှိုင်းကလေးတွေမှာမျှောသွား
အလွမ်းပြေမလားလို့
မေ့ထားကြည့်တယ်

သောင်ပြင်တွေမှာ ပြေးလွှား
ခဏပျော်မလားလို့
စမ်းသပ်ကြည့်တယ်

မထူးမခြား အရာရာဟာ
စိတ်ပျက်သွားလောက်အောင်
လွမ်းစိတ်က စိုးမိုးထားပုံများ
အံ့သြလိုက်တာကွာ .. ။

0 comments: