Monday, April 7, 2008

မိန်းမသားမို့ပါ

Monday, April 7, 2008
မင်းဘက်ကများ
ဖွင့်ပြောလေမလား
မျှော်လင့်ခဲ့ရ ငါ့ဘဝ
မောပန်းလှတယ် ..


တပါးသူလက်
မပေးရက်
စိုးရိမ်ချက်က တဖက်သတ်
စိတ်တွေတကယ် မောရတယ် ..

ရှေးရိုးစဉ်လာ
ငါစည်းထားလို့
မိန်းမသားမို့
ဖွင့်ပြောဖို့လည်း ခက်လှတယ် ...

0 comments: