Monday, April 14, 2008

မင်းသိမယ်မထင်ပါဘူး

Monday, April 14, 2008
အပယ်ခံနှလုံးသားမို့
ငိုနေခဲ့သူ ..
မင်းခံစားတတ်မယ်မထင်ပါဘူး


တိတ်တခိုးလေးချစ်နေသူမို့
ငါ့ခံစားချက်ကို
မင်းသိမယ်မထင်ပါဘူး

မင်းစေလိုရာမှာနေ
မင်းဘေးကအရိပ်လေး
မင်းအတွက်အေးမြမယ် မထင်ပါဘူး

တပါးသူကိုရည်စူးလို့
မင်းကြည်နူးချိန်
ငါ့မျက်ရည်တွေ
မင်းမြင်တတ်ခဲ့မယ် မထင်ပါဘူး

0 comments: