အလင်းစက်ကလေးတွေ
ငါ့ကိုလှုပ်နိုးတဲ့အခါ
ငါ့နှလုံးသားလေးက
မျှော်လင့်ခြင်းတွေနဲ့နိုးထခဲ့တယ်
တကယ့်ကို ငါလွမ်းတတ်ခဲ့ပြီ ..
တယောက်တည်းနင်မရှိတဲ့ အခါ
စက္ကန့်တံလေး တွေနဲ့အတူ
ငါ့စိတ်ကလေးပြေးလို့
နင့်ကိုမျှော်နေမိတယ် ..
တရွေ့ရွေ့ဝင်သွားတဲ့ နေမင်းကြီးက
ငါ့မျှော်လင့်ခြင်းတွေ အကုန်သိမ်းကြုံးလို့
နှုတ်ဆက်သွားတဲ့ အခါ
ငါ့မျက်ဝန်းလေးတွေ
တကယ်ပဲ ဆွေးခဲ့ရတယ်
အမှန်ဆိုမင်းမသိခဲ့ပါဘူး
မျှော်လင့်ခြင်းနေ့ညတွေ
အသက်ရှုသံပြင်းလို့
ငါ့ကိုယ်ငါ ငြင်းဆိုခဲ့တာလဲ
အကြိမ်ကြိမ်ပါပဲ ..
မင်းကိုမချစ်ဖို့ ငါတွေးရင်
ငါ့နှလုံးသားလေး အရမ်းငိုကြွေးနေတာ
ငါတကယ် မချော့တတ်ခဲ့တာပါ ..
ချစ်ပါ လို့ ပြောမှသူအိပ်ပျော်သွားတယ်
နင်တကယ်မသိတာလားကွယ် ..
Wednesday, April 2, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment