Thursday, April 10, 2008

ရင်ဘတ်ထဲက .. လိပ်ပြာ

Thursday, April 10, 2008
သူ့မြှားတချက် ရင်ခွင်မှာစူး
ရူးသွပ်ခဲ့စဉ် အခါက
ရင်ဘတ်ထဲက လိပ်ပြာလေးတောင်
အတောင်မခတ်
ငြိမ်သက်မိတယ်


မင်းရဲ့ အဆိပ်မှာပျော်ဝင်
ချိုမြိန်ခဲ့စဉ် အခါက
ရင်ဘတ်ထဲက လိပ်ပြာလေးလဲ
ဒီဆူးရင်ခွင်မှာပဲ
ကြည်နူး ကွန့်မြူးနေခဲ့တယ်

မာယာအကုန် မြှားပြန်အနှုတ်
တဆတ်ဆတ်တုန်ခါ
နာကြင်ရတဲ့ အခါ
ရင်ဘတ်ထဲက လိပ်ပြာလေးလဲ
အစွန်းရောက်အောင် ကြေကွဲ
မျက်ရည်မြစ်မှာနစ်ခဲ့ရတယ် .. ။

0 comments: