Sunday, April 27, 2008

တောင်းပန်ပါရစေ (၁)

Sunday, April 27, 2008
ငါ့နှုတ်ခမ်းပါးကစကား
မင်းနားမှာ ခါးစေသလား ?
ငါ့ရင်ထဲက အလွမ်း
မင်းသိက္ခာကို နွမ်းစေသလား ?
ငါ့ရဲ့အချစ်
မင်းအမြင်မှာ အပြစ်ဖြစ်နေသလား ?
ငါ့ရဲ့အပြုံး
မင်းမျက်လုံးမှာ ရှုပ်နေသလား ?
ငါ့စရိုက်က
မင်းအတွက် အမှိုက်ဆိုရင်လည်း
ခွင့်လွှတ်ပါကွယ်။

0 comments: