Tuesday, April 22, 2008

နွေ

Tuesday, April 22, 2008
သစ်ရွက်လေးတွေ
တဖြုတ်ဖြုတ်ကြွေ
နွေဦးရဲ့ လေပြေဆိုတာ
ဒါပဲလား ?
ပူလောင်ခြင်းတွေ အစပျိုး
အလွမ်းတွေဆတိုး
ပိုလို့အထီးကျန်စေတာ
နွေပဲလား ?
နွေဦးရဲ့ လေရူးနဲ့အတူ
တမူထူးလို့ဝေဒနာတွေ ယစ်မူးစေတာ
နွေပဲလား ?
ပိုလို့လောင်ကျွမ်း ဒီအလွမ်း
စုန်ကန်မရအောင်
ချုံလွှမ်းထား
အဲ့ဒါနွေကမ္ဘာလေးပါ .. ။

0 comments: