Wednesday, April 2, 2008

"မင်း"လိုနေသေးလို့

Wednesday, April 2, 2008
နေရောင်နွေးနွေး
ကော်ဖီ မွှေးမွှေးလေးနဲ့
သာယာတဲ့ နံနက်ခင်း
ပြည့်စုံတယ်လို့ ထင်ရပေမဲ့
"မင်း"လိုနေသေးတယ်


နေမင်းရယ် လေညှင်းရယ်
သိပ်လှပတဲ့ ဆည်းဆာ
ပြည့်စုံလှတယ်လို့ ထင်ရပေမဲ့
"မင်း"လိုနေသေးတယ်

ကြယ်ရယ် လရယ်
သိပ်သာယာတဲ့ ည
ပြည့်စုံလှတယ်လို့ ထင်ရပေမဲ့
"မင်း"လိုနေသေးတယ်

0 comments: