Thursday, April 24, 2008

ဟန်မဆောင်တတ်ပေမဲ့ ဟန်ဆောင်ခဲ့တယ်

Thursday, April 24, 2008
ငါ့ကြေကွဲသံတွေရယ်
ငါ့ငိုရှိုက်သံတွေရယ်
မင်းမကြားနိုင်ဖို့ အတွက်
ငါဟန်ဆောင်ပြုံးဖူးတယ်


ငါ့မာနရယ်
ငါ့သိက္ခာရယ်
အရာင်မပျယ်ဖို့အတွက်
ငါဟန်ဆောင်မုန်းဖူးတယ်

ဒါပေမဲ့
ငါ့အချစ်တွေရယ်
ငါ့မျက်ရည်တွေရယ်
ပကတိ ဟန်ဆောင်ခြင်းကင်းခဲ့ပါတယ်

0 comments: