Tuesday, May 20, 2008

Chat ဖူးစာဖြစ်ခဲ့ရင်များ

Tuesday, May 20, 2008
စတွေ့တာကတော့ chat ထဲမှပဲ
တစစ ရင်းနှီးလာတာကတော့ နှလုံးသားထဲ ...
ရင်းနှီးစေခဲ့တာကတော့
Cable ကြိုးလေးပါပဲ
တကယ်တမ်းချည်နှောင်သွားခဲ့တာကတော့
သံရောဇဉ်ကြိုးလေးနဲ့ပါပဲ
မျှော်နေတာကတော့ Gtalk ထဲမှာပဲ
Phone msg လေးတွေ အတွက်လဲ
ပျော်တတ်စမြဲပါပဲ
မင်း nick ကလေးစိမ်းလာတဲ့အခါ
ငါ့စိတ်ကလေးတွေ
တကယ် လန်းဆန်းသွားခဲ့တာပါ
မင်း Nick ကလေး off နေတဲ့အခါ
ဘယ်သူနဲ့မှ မ chat ဖြစ်တော့တာ
နင့်ယုံချင်မှ ယုံမှာပါ
ငါ့ Gtalk ကလေး Idle ဖြစ်နေရင်
မင်းအကြောင်းတွေး ကဗျာတွေ ရေးနေတာ
ငါနင့်ကို တကယ်ချစ်ကြောင်းတွေပါ
Connection လေးအနားယူခဲ့လည်း
ငါ့စိတ်ကလေး မင်းဆီမှာပဲ
မနက်ဖြန်အတွက် ဆက်လက်ရင်ခုန်ဆဲ
မင်းနဲ့ Chat ဖို့အတွက်ပါကွယ် ...

0 comments: