Showing posts with label လွမ်းလှိုင်း. Show all posts
Showing posts with label လွမ်းလှိုင်း. Show all posts

Thursday, November 22, 2007

မင်းတကယ်ချစ်ရင်

Thursday, November 22, 2007 2
ကာရံစည်းခြား
တံတိုင်းများစွာလည်း
ငါကျော်ဖြတ်ချင်ပါတရ်။


သမုဒ္ဒရာများစွာ
ပင်လယ်တွေခြားထားလည်း
ငါကူးခတ်ရဲပါတရ်။

အခက်ခဲများကြား
ဒဏ်ရာများစွာရမရ်ဆိုလည်း
မင်းရှိရာငါလာချင်ပါတရ်။

မင်းသာငါ့ကို
တကယ်ချစ်ခဲ့မရ်
ဆိုရင်ပေါ့။ ။

ငါမင်းကိုသိပ်ချစ်လို့

မင်း..... ချစ်သူနဲ့လက်တွဲ
မင်းနင်းဖြတ်တဲ့လမ်းဟာ
ငါ့နှလုံသားပါ။


မင်း...... ချစ်သူနဲ့ကြည်နူး
မင်းပျော်မြူးခဲ့ချိန်တွေဟာ
ငါ့မျက်ရည်တွေပါ၊၊
သူ့.... အတွက်ရရ်လို့
မင်းခြွေလိုက်တဲ့ အပြုံးဟာ
ငါ့ရူးသွပ်ခြင်းပါ၊၊
သူ့..... ကိုပေးအပ်လိုက်တဲ့
မင်းနှလုံသားဟာ
ငါ့ဘ၀ပါ.... ချစ်သူ၊၊ ၊၊

ထာဝရ

ချစ်သူ...
ငါတို့နှစ်ယောက်
မခွဲမခွာ
ထာဝရတစ်သက်တာ
အပြုံးခြင်းဖက်
နှလုံးသားချင်းဆက်
လက်ခြင်းယှက်လို့
ငါတို့ဘ၀တွေကို
အဆုံးသတ်စို့လား။ ၊၊