Thursday, May 5, 2011

အတိတ်တထွာ အရိပ်ပမာ

Thursday, May 5, 2011
မိုးလင်းဖို့လည်း တားမရဘူး
မိုးချုပ်ဖို့လည်း တားမရဘူး
ဒီကြားထဲ
ငါ့ အလွမ်းတွေက အားမရဘူး

အတိတ်စာမျက်နှာတွေ
လာလာ လှန်သွားတဲ့
လေညှင်းတွေကို ငါမုန်းတယ်

ပျက်သုဉ်းမသွားမဲ့
အချစ်တစ်ခု က
မင်းအတွက်တော့
ဒဏ္ဍာရီ မဆန်ခဲ့ဘူးပေါ့

မုန်းစေချင်နေတဲ့ မင်းဆန္ဒတွေ
ဆန့်ကျင်ရလို့
ဟန်ပျက်ချင် ပျက်နေလိမ့်မယ်

ကျေးဇူးပြုပြီး
မာန်မတက်ပါ နဲ့ ချစ်သူ

ဒူးထောက်ဖူးခဲ့ တာတွေဟာ
ရူးမလောက်ချစ်ခဲ့တာပါဆို
ထူးထူးခြားခြား မင်းမတွေးတတ်ရင်
နေပါစေတော့

ငါ့ညတွေက
ရော်ရွက်ကြွေတဲ့ နွေလိုပဲ
ငါ့နှလုံးသားကတော့
အနွေးဓာတ်မဲ့ခဲ့ရတယ်

မင်းခြေစုံလှည့် သွားတဲ့ အကြောင်း
တွေး ... ရင်း ... ဆွေး ... ရင်း
မနက်ဖန်ဆိုတာ
ငွေ့ငွေ့လေးပဲ ကျန်တော့တယ် ... ။

ည နဲ့
အတိတ်က
ထပ်တူကျသွားတော့ ...........။

အိပ်မက်တွေက တော့ အငွေ့ပျံသွားခဲ့ပေါ့
ချစ်သူ .... ။

2.6.10
Wed
3:10 am

0 comments: