Tuesday, September 30, 2008

ဟိုက်ကူကဗျာလေးပါ

Tuesday, September 30, 2008 1
တွေ့ခဲ့ဖူးချိန်လေး
ကြည်နူးလို့ရင်မှာ တွေးဆွေး
ပြန်ဆုံချင်မိသေး

ဒီကောင်မလေးရဲ့ရင်ထဲ

ချစ်သူ.. ဒီက
မင်းအပြုံးလေးတွေ မြင်တိုင်း
စိတ်တွေ မခိုင်
ယိုင်လဲသွားတတ်ခဲ့တဲ့
ကောင်မလေးပါ


မင်းမျက်ဝန်းနဲ့ဆုံလိုက်တိုင်း
ယိုင်လဲလို့
ရင်ခုန်သံတွေ ဒုန်းဆိုင်းနေခဲ့တဲ့
ကောင်မလေးပါ

ဘယ်အရာကိုမှ မမျှော်လင့်ရဲ
နိုးတဝက်အိပ်မက်တွေ နဲ့
ခံစားချက်တွေ ဘောင်ခတ်ထားခဲ့တဲ့
ကောင်မလေးပါ ..

တခါတရံကျ ငါအမြတ်နိုးဆုံးနင့်ရင်ထဲ
ဘယ်သူများ ရှိနေမလဲ
အတွေးလေးနဲ့ ဝမ်းနည်းနေတတ်ခဲ့တဲ့
ကောင်မလေးပါ ..

အပြုံးသက်သက်နဲ့ပေးဆပ်
အရှုံးသက်သက်ချည်း ရလာဒ်ပါဆိုလဲ
ရင်ကွဲခံလို့ချစ်နေဦးမယ့်
ကောင်မလေးတယောက်ဆိုတာ
မင်းသိနိုင်ခဲ့ရင်...

နင်သာ အနားနားရှိရင်

ချစ်သူ..
ဘ၀အလယ်မှာ
ရင်ဆိုင်ရဲတဲ့ သတ္တိတွေဟာ
မင်းအချစ်ကြောင့်ပါ


ခုန်ပြန်၊ ငြင်းဆန် ၊ တောင်းပန်နေရတာ
တခြားရင်ခွင်မှာ
ငါမပျော်လို့ပါ ..

ငွေထုပ်ခေါင်းခု
ရွှေကုတင်မှာ ကျောခင်း
ပြည့်စုံခြင်း အလျင်းမရှိရင်နေပါစေ
မင်းရင်ခွင် ထဲပျက်လေးပဲ
ငါမြတ်နိုးနေတတ်ခဲ့တာပါ

လဲပြိုင်ရင်လဲ ..မင်းရင်ခွင်ထဲ
ရှင်ပြန်ထလဲ .. မင်းအရိပ်တွေထဲ
ဆိုးတူကောင်းဖက် .. တူနှစ်ကိုယ်တည်းပဲ
သူဋ္ဌေးအိပ်မက်တွေ မလိုပါဘူးကွယ် ..

နင်မြင်တတ်ခဲ့ရင်

တိတ်တခိုး
စိုးမိုးလို့
တို့ရင်ထဲ
စွဲလန်းမိ
သိပေးပါ
ထာဝရ
တသက်တာ
ငါချစ်နေမှာပါ

နင့်ကြောင့်ရူးနေ

နင့်ရဲ့အပြုံး ၊ ရင်ခုန်ဆုံးပါ
နှလုံးသားထက် ၊ မက်မောတွယ်တာ
ချိုသာစကား ၊ ရင်မှာထားဝှက်
ခံစားတိတ်ဆိတ် ၊ မျက်လုံးမှတ်စေ
ကြိတ်၍ကြည်နူး ၊ ရစ်မူးနေငါ
နင်သာခွင့်ပန် ၊ ချစ်နေဟန်ဖြင့်
ရည်သန်စိတ်ကူး ၊ ချစ်ဖူးပြီမို့
မျှော်လင့်လို့နေ ၊ မည်သို့ဖြစ်စေ
ပွင့်ဝေရင်မှာ ၊ နင့်မေတ္တာများ
ငါသာခူးခွင့် ၊ နားစွင့်နေသူ
ဒီလူအချစ်ရူးလေးပါ ။

ဟိုက်ကူကဗျာလေးပါ

သူ့စကားသံများ
ရင်ခွင်လွှာကြား အေးစက်သွား
သံစဉ်ချိုအလား

ဟိုက်ကူကဗျာလေးပါ

နင့်ရဲ့ဥပက္ခာ
အခါခါငို ခဲ့ရငါ ( ငိုခဲ့ရငါ အခါခါ )
မမုန်းရက်ခဲ့ပါ

ဟိုက်ကူကဗျာလေးပါ

သူပြုံးတဲ့အပြုံး
ကမ္ဘာကြီးတခုလုံး ဖုံး
ရင်ခုန်လို့မဆုံး

ဟိုက်ကူကဗျာလေးပါ

လမင်းနဲ့ယှဉ်လာ
ငါဟာကြယ်တပွင့်မျှသာ
ဘယ်မြင်မလဲဟာ ...




ရေးပါ။