နေ၀င်မသွားတဲ့ ညနေခင်းများစွာမှာ
ငှက်ကလေးတွေလည်း အိပ်တန်းမတက်ကြဘူး
စိတ်သုဉ်းမှုတွေ ဖိတ်သွန်ကျ
ကမ္ဘာမြေက မလှပတော့ဘူး
နင်ကိုယ်တိုင်တားထား တဲ့ စည်းကို
ငါကိုယ်တိုင် ခြားရက်ပါ့မလား
တွေဝေရင်း ..
ဝမ်းနည်းရင်း ........
ဝိုင်းစက်တဲ့ လမင်းကြီးတောင်
မငေးဖြစ်တာ ကြာခဲ့ပေါ့
အမှတ်တယ တွေကို မေ့ထားလို့ရမလား
ကြိုးစားခဲ့ပါသေးတယ်
လွမ်းမောမှု တွေ အိပ်မောကျအောင်
ချော့သိပ်တဲ့ည
အိပ်မက်ထဲ နင်ကရောက်လာတယ်
အဲ့လိုမနက်ခင်းတွေ မှာ
နင့်အပြုံးတွေ ငါ လိုက်မရှာဘူး
ခေါက်သိမ်းလို့မရတဲ့ ဝေဒနာမှာ
ခေါက်ရိုးကျိုးရာတွေ မရှာပါရစေ နဲ့ တော့
အကောင်းဆုံးကို ဆုံးဖြတ်ကြကျေး ဆိုရင်
နင့်ဘေးမှာ ငါမရှိနေခြင်းကို
နင် မြတ်နိုးမှာမဟုတ်လား
ချစ်သူ
ငါဒီလို ဆုံးဖြတ်ရဲချင်ပါတယ်
နင်ဘယ်လို သုံးသပ်လိုက်မှာလဲ
သိချင်သေးတဲ့ ငါ့စိတ်တွေက
နှိပ်ကွပ်မရဘူး
ပတ်ဝန်းကျင်က တကူးတက
ပြောတတ်ကြပြီ
နင်ဟာ " အချစ်ရူး " ပါ တဲ့ ...........။
တကယ်လည်း ယစ်မူး တပ်မက်ခဲ့ရပါတယ် ။
ဘယ်လိုဖြစ်ဖြစ်ပေါ့လေ
မနက်ဖန်တွေ ...
မနက်ဖန်တွေတိုင်း ကို
ငါ့ရင်ခုန်သံပေါ် နင့်အပြုံးလေးတွေ
ဖြတ်လျှောက်နေသရွေ့
ငါပျော်နေမယ်
ငါမျှော်နေမယ်
မျှော်လင့်ခြင်းတွေမှာ
အသုံးမကျစွာ ပျော်နေပါ့မယ် ချစ်သူ ............။
11း50 pm
Sat
13.6.10
Thursday, May 5, 2011
Subscribe to:
Post Comments (Atom)
2 comments:
ကောင်းပါတယ်.....ဒီကဗျာလေးကိုအရမ်းကြိုက်တယ်......:)
အရမ်းကြိုက်တယ်ဗျာ Share လုပ်ဘိုက်ပီဗျာ
Post a Comment