Saturday, February 23, 2008

လျှို့ဝှက်တည်နေဆဲ

Saturday, February 23, 2008 0
မျက်နှာလေး မြင်လိုက်ရယုံလေးနဲ့
ရင်တွေ အရမ်းခုန်
ခြေလက်ကလေးတွေတုန်
ပြောင်းလဲမှု အဟုန်က
ချစ်ခြင်းရဲ့ ကဏ္ဍတခုများလား ?

အတွေးတွေထဲ ရှင်သန်
အလွမ်းတွေပုံမှန်နဲ့
နေညိုချိန်တွေတိုင်း
မျှော်ခဲ့ရသူက
ငါတဖက်တည်းများလား ?

ကာရံခြားထား စည်းတခုက
မိန်းမသားမို့
မမြင်နိုင်တဲ့ ငါ့ရင်ထဲ
မင်းအတွက် အချစ်တွေက
လျှို့ဝှက်တည်နေဆဲ .. ။

ဖုန်းထဲကအမုန်း

အပြုံးမပျက်
ဖုန်းဆက်ခဲ့ပေမယ့်
အမုန်းပေးရက်
သူ့ရက်စက်ချက်က
ရင်ကို ရိုက်ခတ်
ရလာဒ်ကတော့
သွေးစက်လက်နဲ့
အသည်းဟက်တက်
ကွဲရောပေါ့ .. ။




မင်းနဲ့ငါရဲ့ခံယူချက်

အချစ်ဆိုတာ
နီးစပ်မှုပါလို့
မင်းယူဆခဲ့ရင်
အခုဝေးနေရချိန်မှာ
မင်းမေ့သွားတာ
မင်းခံယူချက်ပါ ...




ငါ့ဘက်ကတော့
နီးစပ်မှုကို အခြေပြုပြီး
ချစ်ခဲ့တာမဟုတ်တော့
တနေရာစီ
ဝေးနေကြပေမဲ့လည်း
တနေ့မှမေ့မရခဲ့တာ
ငါ့ခံစားချက်ပါ .. ။

Tuesday, February 19, 2008

ပေးဆပ်မှု

Tuesday, February 19, 2008 0
အမုန်းတွေချည်း
စွန့်ကျဲ ..
အပြုံးမဖက်လည်း
ကိုယ်ကပြုံးပြ
ယုယနေမှာပါ .. ။




တိတ်တိတ်ကလေးချစ်တာပါ

မမြင်ကွယ်ရာ ငါ့ရဲ့နောက်မှာ
ပုန်းလျှိုသိုဝှက် ခြေရာတွေထပ်ကာ
တကောက်ကောက်လိုက်နေတာ
ချစ်ခြင်းသဘောတရားများလား ?




ချစ်သွေးဖြာယှက်
မျက်ဝန်းလက်လက်တွေနဲ့
ခိုးခိုးကြည့်ပြီး
ငါလှည့်ကြည့်မှ ရှောင်လွှဲခဲ့တာ
ကြောက်ခြင်းသဘောတရားများလား ?

ဘယ်လိုပဲ ဟန်ဆောင်ဖုံးကွယ်
မုသားမဖက် မင်းမျက်ဝန်းနက်နက်တွေက
အချိန်တိုင်းပြောပြ ချစ်စကားများကြောင့်
ငါလဲ ရင်ခုန် ပြန်ချစ်မိတာ
မင်းမသိအောင် တိတ်တိတ်ကလေးပါ .. ။

ချစ်ခြင်းအမှတ်တယ

ချစ်ခြင်းကာလ
အမှတ်တယအဖြစ်
အနူးညံ့ဆုံး
ကိုယ့်နှလုံးသားမှာ
အလွမ်းဒဏ်ရာသူထားခဲ့တယ် .. ။




စိတ်ကူး

တမြို့နယ်စီခြား
တနေရာစီဝေး
ဆွေးနေတဲ့ဘ၀မှာ
မင်းရှိရာ~~ပျံသန်းလာနိုင်ဖို့
တောင်ပံတစုံနဲ့
ငွေဇင်ယော်သာ
ဖြစ်လိုက်ချင်ပါရဲ့ .. ။




မင်းအတွက်နေရာမရှိတော့ပါ

မလျော့ပါးတဲ့ အချစ်နဲ့
ငါ့ရင်ခွင်ကို ပြန်လာလဲ
စွန်းထင်းသွားတဲ့
မင်းဘ၀ကြောင့်
ငါ့နှလုံးသားထဲ က
မင်းအတွက် ရည်သန်
ရှိထားအပ်တဲ့နေရာလေးကို
မီးရှို့ဖျက်ဆီး ပစ်လိုက်ပြီ
sorry .. !




ရေးပါ။

အဖြူရောင်နှလုံးသား

မင်းပိုင်ဆိုင်တဲ့
ရွှေငွေ ဂုဏ်ဒြပ်
ငါ့အတွက် မလိုအပ်




ငွေကြေးအသပြာ
ငါအမှုမထား
ဆင်းရဲ ချမ်းသာဆိုတာ
ကံတရားပါ

အတ္တတွေကင်းစင်
မာနတွေအစွန်းအထင်းမရှိတဲ့
အဖြူရောင် နှလုံးသားစစ်စစ်
တခုသာ
ငါလိုချင်ခဲ့တာပါ .. ။

နှစ်ကိုယ်တူ

ဆက်ဆံပါများ
ကြာလာတော့လည်း
ကာရံမညီညာ
မေတ္တာလမ်းမှာ
ပွါးများသံသယ
မာနများကြောင့်
လမ်းခွဲခဲ့ရ
နှုတ်ဆက်ကြပြီပေါ့ .. ။




ဘယ်တော့များမှ

လွမ်းသူ့ရင်ခွင်
မှေးစက်ခွင့်
မျှော်လင့်လည်းဝေး
ဆွေးနေဆဲပဲ ..
ချစ်သူ ။




ကိုယ်မပိုင်လည်း

မင်းအပြုံးလေး
ငါ့အတွက် မဟုတ်လည်း
အငှားခံစား
ချစ်နေပါ့မယ်




Monday, February 18, 2008

မင်းအဝေးက ငါ

Monday, February 18, 2008 0
နင်ပျော်နေတာ
ငါ့ရဲ့အဝေးမှာ
ငါနေချင်ခဲ့တာ
မင်းရဲ့ နံဘေးနား .. ။




ငါသာငှက်ငယ်လေးဆို
ရင်မှာမဆန့်တဲ အလွမ်းတွေနဲ့
မင်းဆီ .. ပျံသန်းလာချင်ရဲ့

မင်းမချစ်တဲ့ ငါ
မင်းရင်ခွင်မှာမနားပါဘူး
မင်းရဲ့အဝေးကပဲ
မင်းကိုငေးလို့
လွမ်းတေးလေးတွေ
ရေးနေမှာပါ ဟာ ... ။

Never Forget

တွေ့ ကြုံ ဆုံ ကွဲ
ဓမ္မတာပဲ တဲ့
ဒီလောကဓံ တရား
ရင်မှာသိထားလဲ
လွမ်းတာပါပဲ .. ။




ကံမကုန်ရင် ပြန်မဆုံမှာပဲဆိုတဲ့
ဒီမျှော်လင့်ချက်လေးနဲ့
မင်းကို ...
တမ်းတမိခဲ့တယ် .. ။

ကံကုန်လို့ .. ပြန်မဆုံန်ခဲ့ရင်
ဒီရင်တစုံမင်းကို
မမုန်းလိုက်မှာ
မင်းသိစေချင်လိုက်တာ ...။

Sunday, February 17, 2008

'မင်း' ဆိုတာ

Sunday, February 17, 2008 0
မင်းနဲ့ပုံတူ
ဘယ်နှစ်ယောက်ရှိရှိ
မင်းနေရာမှာ
အစားထိုးမကြည့်နိုင်ဘူး
မင်းဆိုတာ ငါ့ရင်ထဲမှာ
မင်းတယောက်ထဲပါ ....




ရေးပါ။

မမုန်းနဲ့နော်

နေမထိ ထိုင်မထိ
ဖြေမချိအောင်
စိတ်လှုပ်ရှားတာ
မင်းကိုစတွေ့ကတည်းက




ကတုန်ကယင်နဲ့
ရင်ခုန်သံမြန်အောင်
ပြောင်းလဲသွားတာ
မင်းရှေ့ရောက်တဲ့အခါ

တသသနဲ့
မှတ်မှတ်ယယ
လွမ်းနေရတာ
မင်းကိုချစ်မိသွားလို့ပါ

ဗြောင်းဆန်တဲ့ရင်ခုန်သံနဲ့
တောင်းပန်မဲ့
ငါ့စကားက
မင်းမမုန်းဖို့ပါ ...

ကျမကခရေလေးပါ... မောင်

ဆူးများတဲ့ နှင်းဆီပန်းကို
မင်းကခူးရဲ ပါတရ်တဲ့

ပင်ယံထက်က သဇင်ပန်းကို
မင်းကလှမ်းရဲပါတရ် တဲ့

ဒါပေမဲ့ ..
မြေမှာကြွေဆင်း ရနံ့သင်းတဲ့
ခရေလေးကိုတော့
မင်းကောက်မယူဝံ့ခဲ့ပါဘူး ....




ရေးပါ။

Saturday, February 16, 2008

မသေချာခဲ့ရင်လည်း

Saturday, February 16, 2008 0
မင်းအချစ်က
မရေရာမသေချာခြင်းပါလို့ပြောလည်း
ငါမျှော်လင့်နေဦးမှာပါ ..
အချိန်တွေ
ဘယ်လိုပဲပြောင်းသွားပါစေ
ဒီကမ္ဘာလောကမှာ
ငါရှင်သန်နေသ၍တော့
ငါ့မျှော်လင့်ချက်တွေ ဟာ
သိမ်မြုပ်မသွားဘူးဆိုတာ
ယုံပါ ချစ်သူရာ ...




ရေးပါ။

တသက်စာအရှုံး

အစိမ်းရောင်ခြယ်တဲ့
မင်းမျက်ဝန်းကို
မြင်မိကတည်းက
ငါဟာ .. ကျန်ရစ်ခဲ့သူပါ ။

တယောက်တည်းအားငယ်
ရင်ထဲမှာလည်းကြေကွဲ
မျက်ရည်ဝဲခဲ့တယ်

ငါ့မာနကိုလည်း မင်းယူ
ငါ့နှလုံးသားကိုလည်း ထိုးမွ
ဒဏ်ရာများစွာနဲ့ပေါ့

ဒါပေမဲ့
အမှတ်မရှိသူ ငါလိုလူ
ထပ်ခါ ထပ်ခါ
တောင်းတမိတာ
မင်းမျက်ဝန်းနဲ့ ဆုံဆည်းဖို့ရာ .. ။




ရေးပါ။

ကြက်ခြေခတ်တဲ့ ကံကြမ္မာ

နီးဖို့ဖန်လာ
ဝမ်းသာနေတဲ့အခါ
ဝေးဖို့ကြမ္မာ
ကြားဖြတ်ဝင်လာ
ခံစားရခက်တရ်ကွာ ..




ရေးပါ။

လျှို့ဝှက်ချစ်နေပါ့မယ်

ပေးဆပ်တိုင်းလည်း
တန်ပြန်မရယူနိုင်လို့
ရယူနိုင်တိုင်းလည်း
သုခမဖြစ်နိုင်လို့
ရင်ခုန်မှုအရှိန်အဟုန်တွေကို
နှလုံးသားရဲ့ အငြိမ်းချမ်းဆုံးတနေရာမှာ
လျှို့ဝှက်သိမ်းဆည်းထားရင်း
ချစ်နေတော့မယ်မောင် ..




ရေးပါ။

အသက်မဲ့သွားတဲ့နှလုံးသား

ဆူးချက်များစွာ
ရင်ကိုခြေမွ
အနာတွေလည်းရ
ဒဏ်ရာဗလပွနဲ့
အပိုင်းပိုင်းအစစ
မြေမှာကြွေကျ
အဲ့ဒါ...ငါ့နှလုံးသားပါ။




ရေးပါ။

Friday, February 15, 2008

ဟောင်းနွမ်းလို့နေလဲ

Friday, February 15, 2008 0
ပန်းမပေးနဲ့ .. အလှမ်းဝေးမယ်
အနမ်းမပေးနဲ့ .. ရှက်သွေးဖြန်းတရ်
အလွမ်းလည်းမပေးနဲ့ .. ဆွေးမနေချင်တရ်
အချစ်စစ်စစ် .. အသစ်မဖြစ်လည်း
ငါ့ကိုပေးလှည့်
ခဏလေးဖြစ်ဖြစ် .. ပိုင်ဆိုင်ချင်တရ်
ချစ်သူရရ် ...




ရေးပါ။

ဘရ်လောက်ခြားထား

ငါနင်နဲ့ ..အဝေးကြီးမှာ
ဒါပေမဲ့
ငါ့စိတ်က
နင်နဲ့နီးနီးလေးပါ ....




ရေးပါ။

ဘရ်သူပြိုင်ပြိုင်

ငါ့နေရာမှာ
အခြားတယောက်
အစားထိုးဝင်ရောက်လာခဲ့ရင်
သူ့အချစ်တွေဟာ
ငါ့အချစ်နဲ့ယှဉ်ပြိုင်
အနိုင်ရမရ်မထင်ပါဘူး ...




ရေးပါ။