Saturday, July 12, 2008

ချစ်တာ အပြစ်လား ???

Saturday, July 12, 2008 4
ရိုးစင်းတဲ့ မင်းအကြည့်တွေမှာ
တဖက်သတ်မျှော်လင့်ချက်တွေ
ကိန်းဝပ်မိတာ
ငါ့အပြစ်တွေလား




ချိုသာတဲ့ မင်းစကားသံတွေမှာ
တိတ်တိတ်လေး
ပျော်ဝင်ခဲ့မိတာလည်း
ငါ့အပြစ်တွေပါပဲ

မင်းပေးဆပ်ခဲ့သမျှ စေတနာတွေမှာ
မြတ်နိုးစွာ
ကျေနပ်ရင်ခုန်မိခဲ့တာလည်း
ငါ့အပြစ်တွေပါပဲ

မထင်မှတ်ပဲ ချစ်မိသွားခဲ့တာလည်း
အပြစ်လို့ ဆိုခဲ့ရင်
အဲ့ဒိအပြစ်တွေ ကို
ကျေနပ်စွာ ကျူးလွန်သူဟာ
ငါ ပဲ ဖြစ်ပါရစေတော့

တပ်မက်စိတ်

လက်တစ်ကမ်းက
မင်းအနမ်း
ရူးသွပ်စွာ
တပ်မက်လို့
အသည်းဟက်တက်ကွဲ
ခဲ့တာ .. ငါပါပဲ ...

ဟန်ဆောင်နေသူ

ရွေ့လျားနေတဲ့ ...
အချိန်လေးတွေ နဲ့အတူ
မင်းအကြောင်းလေးတွေ ပဲ တွေး
မင်းကိုဆွေးနေတဲ့
မင်းနဲ့ မနီးမဝေးက
ငါဆိုတဲ့ကောင်မလေးတယောက်
မင်းကိုကြွေနေတာ
မသိဟန်ဆောင်နေတာလားကွယ် ♥♥♥♥

ဟိုက်ကူကဗျာလေးပါ

သေချာတဲ့စကား
ပြောခဲ့ပါ့မယ် မြတ်နိုးစွာ
သိပ်ချစ်တာပဲဟာ

မရေရာတဲ့နင်
အဖြေရှာကာတွေးနေရင်း
ချစ်ဦးမှာလားဟင်

Without U

You are my love
I can't happy without u

You are my Life
I can't live without u


You are my soul
I can't touch without u

You are my heart
I can't breath without u

You are my everything
I want nothing without u
I am so lonley without u

ဟိုက်ကူကဗျာလေးပါ

အနေထိုင် မတတ်
နင့်ရှေ့အိနြေ္ဒတွေတွေ လဲပျက်
ထိန်းချုပ်ဖို့ ကခက်

ရင်ခုန်သံ ပြန့်ကျဲ
ရင်ထဲမှာလဲ ၀ုန်းဒိုင်းကျဲ
ချစ်နေလို့ ပါပဲ

ကွက်လပ်ဖြည့်ပေးပါ

တိမ်းစောင်းနေတဲ့ ငါ့နှလုံးသားလေး
ပြန်တည့်မတ်ဖို့ တကယ်လိုအပ်နေတာ
အကြင်နာ မင်းမျက်ဝန်းလေးတွေပါ




ငိုကြွေးနေတဲ့ ငါ့နှလုံးသားလေး
မျက်ရည်ဆဲ ဖို့တကယ်လိုအပ်နေတာ
မင်းလက်ချောင်းလေးတွေပါ

ဝမ်းနည်းနေတဲ့ ငါ့နှလုံးသားလေး
ပျော်ရွှင်ဖို့ တကယ်လိုအပ်နေတာ
မင်းနှုတ်ခမ်းပေါ်က စကားလုံးလေးတွေပါ

ကွက်လပ်တွေ နဲ့ငါ့နှလုံးသားလေး
ပြီးပြည့်စုံ ဖို့တကယ်လိုအပ်နေတာ
မင်းရင်ထဲက အချစ်စစ်တခုတည်းပါ