Saturday, May 31, 2008

ဝမ်းနည်းခြင်းစာစု

Saturday, May 31, 2008 2
ပေးဆပ်ခြင်းမှာ
ပျော်နေရဲတဲ့ငါ့ဘဝ
စွန့်လွတ်လိုက်ရခြင်းအတွက်
အနည်းငယ်တော့ မျက်ရည်ကျခွင့်ပြုပါ


ပြုံးပျော်ရွင်ခြင်းတွေရဲ့
အပေါ်ယံလွာ ဆွဲခွါကြည့်မှ
ဝမ်းနည်းကြေကွဲခြင်းတွေ
မင်းမြင်နိုင်မှာပါ

ကံကြမ္မာကိုရိုးမယ်ဖွဲ့လို့
အပြစ်မတင်တော့ပါဘူး
မင်းပျော်မဲ့လမ်း
မင်းကိုလျှောက်ခွင့်ပေးခဲ့တာ
ငါ့ရင်ခွင်က ဗလာနတ္တိပါ

အဲ့ဒါအချစ်တဲ့လား


အကြည့်တချက်
ပန်းတခက်ဖြင့်
ငါ့ရင်ခုန်သံတွေ
လှုပ်နိုးပေးခဲ့စဉ်
နှလုံးသားလေးမှာ
တဆပ်ဆပ်တုန်ခါ
အဲ့ဒါအချစ်တဲ့လား

Thursday, May 29, 2008

ဘယ်တော့များမှ

Thursday, May 29, 2008 0
ငါချစ်တာ
နင်သိပါစေ
နေ့တိုင်း တောင်းဆုခြွေ
မပြည့်သေးဘူးလေ ...

ငါ့ရဲ့စိတ်ကူး ...

ငါအိပ်တဲ့အခါ မင်းရဲ့ချော့တေးလေးနဲ့
ငါထမင်းစားတဲ့အခါ မင်းကခွံ့ကျွေးပေးခဲ့
ငါကဗျာရေးတဲ့အခါ မင်းကအားပေး
ငါသီချင်းဆိုတဲ့အခါ မင်းကပရိတ်သတ်လေး
ငါလမ်းသွားတဲ့အခါ မင်းကထီးမိုးပေး
ငါကော်ဖီသောက်တဲ့အခါ မင်းကငါ့စိတ်ကြိုက်ဖျော်ပေး
ငါငိုတဲ့အခါ မင်းကဖေးမပေး
ငါရယ်တဲ့အခါ မင်းကပျော်ပေး
ငါ့အိပ်မက်ထဲလဲ အမြဲလာပေး
ငါ့ရဲ့ကိုယ်ရံတော်တပ်မှူးလေး
ထာဝရ ချစ်သွားမယ်လေး ...

ငါ့ဘ၀ရဲ့ အလင်းတန်းလေးသို့

ပင်လယ်ပြင်မှာ
နေ၀င်တာ ကြည့်ရင်း
သောင်ပြင်မှာ အမှောင်မပျိုးခင်ထိ
ငါလွမ်းတေးဆိုမိတာ
မင်းရယ် တလောကလုံး
ဘယ်သူမှ မကြားခဲ့ပါဘူး
တုတ်တံလေးတချောင်း ဟိုခြစ်ဒီခြစ်
ဘာရယ်မသိတဲ့ ဖြစ်တည်မှုက
မင်းနာမည် လေးတလုံးပါ
ငါ့ကိုယ်ငါ ညာလိုက်ခွင့်တောင်
မရခဲ့တာပါ ..
အလိုက်မသိတဲ့ လှိုင်းကလေးတွေ
ငါ့ခံစားချက်တွေ ဖျက်ဆီးသွားတဲ့အခါ
အဲ့ဒိလှိုင်းကလေးတွေနောက်
ငါ့ဒေါသတွေလိုက်ပါသွားခဲ့တယ်
မတည်မြဲခြင်းတရားဆိုတာ ဒါပဲလား
ပေါ့ဆဆမဟုတ်တဲ့ ငါ့ခံစားချက်က
တဆဆနဲ့ ဒဏ်ရာတွေ ဖြစ်မှာဆိုးတယ်
မနက်ဖြန်နေထွက်ဖို့ ဒီနေ့ နေ၀င်တယ်လို့
ရင်မှာဖြေသိမ့်လို့
ငါနှုတ်မဆက်တော့ဘူး ..
အမှေင်တွေထဲ တယောက်တည်း
မင်းကိုထိုင်လို့စောင့်နေမယ်
နေထွက်ချိန်တွေ တမ်းတနေတယ်
ငါ့ဘ၀လေးလင်းလက်ဖို့ပါကွယ် ...

Wednesday, May 21, 2008

ရင်ခုန်သံ ညည်းချင်း

Wednesday, May 21, 2008 0
ရုတ်တရက် မင်းအကြည့်တွေမှာ
အမှတ်တမဲ့ ရင်ခုန်မှုတွေဟာ
ထာဝရ အတွက်တည်မြဲ ခဲ့တာ
ငါ့ကိုယ်ငါတောင် မယုံချင်ဘူးကွာ .. ။


ဒီတခါရော စွန့်ရဦးမှာလား ?
ပိုင်ဆိုင်ခွင့်ရပါ့မလား ?
မေးခွန်းတွေရဲ့ ကြား တွေဝေခြင်းငှာ
ငါ့ကိုယ်ငါ အဖြေမပေးတတ်ဘူးဟာ ..။

ချစ်တယ်ဆိုတာ
ငါ့ဘက်က သေချာခဲ့ပေမယ့်
မင်းဘက်ကမှ မရေရာခဲ့တာ
ဒီလိုနဲ့ မျှော်လင့်ခြင်းဆိုတာ
ငါ့အတွက် အဖော်ဖြစ်နေခဲ့တာ
ဘယ်ဆန်းတော့မလဲ ဟာ .. ။

Tuesday, May 20, 2008

မင်းရဲ့ ............

Tuesday, May 20, 2008 0
လဲပြိုနေတဲ့ ငါ့နှလုံးသားကို
မင်းကြင်နာမှုတွေနဲ့
ရှင်ပြန်ထခွင့်ပေးပါလား


ယိုင်လဲနေတဲ့ ငါ့စိတ်ဓါတ်တွေကို
မင်းလက်ချောင်းကလေးတွေနဲ့
တည့်မတ်ပေးပါလား

ခြောက်သွေ့နေတဲ့ငါ့ဘ၀လေးကို
မင်းနွေးထွေးတဲ့ အကြည့်လေးတွေနဲ့
စိုပြေခွင့်ပေးပါလား

အထီးကျန်နေတဲ့ ငါ့ချိန်နာရီလေးတွေကို
မင်းဘေးမှာရှိနေလို့
ဖြည့်ဆည်းပေးပါလား
ချစ်သူရယ် ..

Chat ဖူးစာဖြစ်ခဲ့ရင်များ

စတွေ့တာကတော့ chat ထဲမှပဲ
တစစ ရင်းနှီးလာတာကတော့ နှလုံးသားထဲ ...
ရင်းနှီးစေခဲ့တာကတော့
Cable ကြိုးလေးပါပဲ
တကယ်တမ်းချည်နှောင်သွားခဲ့တာကတော့
သံရောဇဉ်ကြိုးလေးနဲ့ပါပဲ
မျှော်နေတာကတော့ Gtalk ထဲမှာပဲ
Phone msg လေးတွေ အတွက်လဲ
ပျော်တတ်စမြဲပါပဲ
မင်း nick ကလေးစိမ်းလာတဲ့အခါ
ငါ့စိတ်ကလေးတွေ
တကယ် လန်းဆန်းသွားခဲ့တာပါ
မင်း Nick ကလေး off နေတဲ့အခါ
ဘယ်သူနဲ့မှ မ chat ဖြစ်တော့တာ
နင့်ယုံချင်မှ ယုံမှာပါ
ငါ့ Gtalk ကလေး Idle ဖြစ်နေရင်
မင်းအကြောင်းတွေး ကဗျာတွေ ရေးနေတာ
ငါနင့်ကို တကယ်ချစ်ကြောင်းတွေပါ
Connection လေးအနားယူခဲ့လည်း
ငါ့စိတ်ကလေး မင်းဆီမှာပဲ
မနက်ဖြန်အတွက် ဆက်လက်ရင်ခုန်ဆဲ
မင်းနဲ့ Chat ဖို့အတွက်ပါကွယ် ...

Monday, May 19, 2008

အရမ်းချစ်လို့

Monday, May 19, 2008 0
အဆုံးမသတ်
အပြုံးသက်သက်ဖြင့်
ချစ်သူအတွက်ဆိုရင်
ဘယ်လောက်ခက်ခက်
ထာဝရ ...
ပေးဆပ်မယ် ။

မြတ်နိုးတယ်

ငါကိုဘယ်တော့မှ
မပြုံးပြတဲ့
မင်းအပြုံးလေးကို
မြတ်နိုးပါရဲ့
ငါ့ဆီဘယ်တော့မှ
လျှောက်လှမ်းမလာမဲ့
မင်းခြေလှမ်းလေးကို
မြတ်နိုးပါရဲ့
ငါ့ကိုဘယ်တော့မှ
မကြည့်တဲ့
မင်းအကြည့်လေးကို
့မြတ်နိုးပါရဲ့
ငါမပိုင်ဆိုင်ရမဲ့ မင်းကို
မင်းမသိအောင်
ငါမြတ်နိုးနေပါရဲ့
ချစ်သူ ...

Saturday, May 17, 2008

လူညာ

Saturday, May 17, 2008 0
ယုံအောင် ..
ပုံပြောသူ
ယုံသွားမှ
ပုန်းရှောင်သူ
ငါလိုက်မရှာ တော့ပါဘူး .. ။

ဆောင်းရိုင်း

နှင်းစက်ကလေးတွေ တဖွဲဖွဲ
မြူခိုးတွေ ရစ်ဝဲ
ဝန်းကျင်ကလေး အုပ်မှိုင်းခဲ့
လွမ်းဖွယ်လေး ပါပဲ ...


ဆောင်းရဲ့ လေပြေ
ခဲစေခဲ့ သွေးတွေ
ရိုင်းလွန်းခဲ့ ပေလည်း
အေးချမ်းစေခဲ့တာ ပါပဲ .. ။

Wednesday, May 14, 2008

တောင်းပန်ပါရစေ (၂)

Wednesday, May 14, 2008 0
မင်းကိုတွေ့တိုင်း
ထိန်းချုပ်မရတဲ့
မျက်ဝန်းများက
ပြောကာသွားခဲ့ရင်လည်း
ခွင့်လွှတ်ပါကွယ် ..။


မင်းရှေ့ရောက်တိုင်း
ထိန်းချုပ်မရတဲ့
ရင်ခုန်သံများက
ပိုကာသွားခဲ့ရင်လည်း
ခွင့်လွှတ်ပါကွယ် ..။

မင်းရဲ့ဘေးနား
ယှဉ်ကာသွားလို့
သူစိမ်းများက
ပြစ်တင်ခဲ့ရင်လည်း
ခွင့်လွှတ်ပါကွယ် ..။

ငါ့ခံစားချက်တွေ
မင်းမလို အပိုအဖြစ်
ငြိုငြင်ခဲ့တယ် ဆိုရင်လည်း
ငါချစ်ခဲ့မိတာ
ခွင့်လွှတ်ပါကွယ် .. ။

Sunday, May 11, 2008

မင်းတို့ရဲ့ ထာဝရသူငယ်ချင်း

Sunday, May 11, 2008 0
မင်းဖြစ်ချင်တာက
ငါ့ရဲ့သူငယ်ချင်း
ငါ့မသိစိတ်က
မင်းကိုချစ်ရင်း
မင်းချစ်နေတာက
ငါ့ရဲ့သူငယ်ချင်း ..


ငါ့ချစ်သူရယ်
ငါ့သူငယ်ချင်းရယ်
မင်းတို့ပျော်ဖို့အရေး
ငါ့နှလုံးသားလေးစတေး
ဘေးကနေပေးပါ့မယ် ..

မင်းတို့လက်တွဲ
အဖော်မဲ့ တကိုယ်တည်းငါ
မင်းတို့ရဲ့ ..
ထာဝရ သူငယ်ချင်းပါ .. ။

နင်ရက်စက်တယ်

ဝေငှလို့မရတဲ့ဝေဒနာ
မြေမှာကြွေကျ
ဒဏ်ရာများစွာနဲ့
ငါ့နှလုံးသားအား
မင်းနင်ချေသွားမှာပါလို့
ငါမထင်ခဲ့မိတာ အမှန်ပါ ... ။

ဆန္ဒချို

ဖြစ်ချင်တာကို လုပ်နိုင်တဲ့ဘဝ
ငါရခဲ့ရင် ..
ငါနင့်ကိုချစ်ကြောင်း
မမောစတမ်းထိုင်ကာ မင်းသိအောင်
ပြောပြခွင့်ရချင်လိုက်တာ
ချစ်သူရာ ...
စိတ်ကူးသမျှအကောင်အထည်ဖော်ခွင့်ရရင်
ငါနင့်ကို ပိုင်ဆိုင်နိုင်ဖို့
ကန္တရခရီးလမ်း ကျော်ကာဖြတ်ရလည်း
မင်းရင်ခွင်ထဲမှာ အမောဖြေ
တဘ၀စာ ခိုလှူံခွင့်ရချင်လိုက်တာ
ချစ်သူရာ ..
ဆန္ဒနဲ့ဘ၀ ထပ်တူကျကြေးဆိုရင်
ဒီဘ၀မှာ မင်းရဲ့ဘေးနား
ထာဝရ မကွဲမကွာ
ငါ့ရဲ့ဘ၀ကို မင်းနဲ့ အတူတူ
နေ၀င်ခွင့်ရချင်လိုက်တာ
ချစ်သူရာ ...

Thursday, May 1, 2008

အုံ့ပုံးလေးငါ

Thursday, May 1, 2008 0
မသိအောင်ချစ်
သိသွားမှဖြင့်
ပြစ်တင်မလား
စိုးရိမ်စိတ်က
လူကိုလွှမ်းထား
နေ့ညများစွာ
အုံ့ပုံးလေးပဲ
လုပ်တော့မယ်ကွာ

လွမ်းမိတဲ့အခါ

ရင်မှာဟာတာတာနဲ့
ကြယ်စုံတဲ့ညရယ်လို့
ငါမခံစားတတ်ခဲ့ဘူး
ရင်ခွင်ကိုတိုးဝှေ့လာတဲ့
လေညှင်းကလေးကသာ
မင်းရနံ့လေးတွေသယ်ဆောင်လာခဲ့ရင်
ငါသိပ်ကြည်နူးမိမှာပဲ
သစ်ပင်လေးတွေ ယိမ်းနွဲ့
သဲမှုန်လေးတွေလွင့်ထွက်
လွမ်းရနံ့လေးတွေ ဆွတ်ပျံ့
ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်မှုထဲ
ငါ့စိတ်ကလေးတွေ
မင်းဆီပြေးလာနေတယ် ..
ချစ်သူရယ် ...