Sunday, May 11, 2008

မင်းတို့ရဲ့ ထာဝရသူငယ်ချင်း

Sunday, May 11, 2008
မင်းဖြစ်ချင်တာက
ငါ့ရဲ့သူငယ်ချင်း
ငါ့မသိစိတ်က
မင်းကိုချစ်ရင်း
မင်းချစ်နေတာက
ငါ့ရဲ့သူငယ်ချင်း ..


ငါ့ချစ်သူရယ်
ငါ့သူငယ်ချင်းရယ်
မင်းတို့ပျော်ဖို့အရေး
ငါ့နှလုံးသားလေးစတေး
ဘေးကနေပေးပါ့မယ် ..

မင်းတို့လက်တွဲ
အဖော်မဲ့ တကိုယ်တည်းငါ
မင်းတို့ရဲ့ ..
ထာဝရ သူငယ်ချင်းပါ .. ။

0 comments: