Wednesday, May 14, 2008

တောင်းပန်ပါရစေ (၂)

Wednesday, May 14, 2008
မင်းကိုတွေ့တိုင်း
ထိန်းချုပ်မရတဲ့
မျက်ဝန်းများက
ပြောကာသွားခဲ့ရင်လည်း
ခွင့်လွှတ်ပါကွယ် ..။


မင်းရှေ့ရောက်တိုင်း
ထိန်းချုပ်မရတဲ့
ရင်ခုန်သံများက
ပိုကာသွားခဲ့ရင်လည်း
ခွင့်လွှတ်ပါကွယ် ..။

မင်းရဲ့ဘေးနား
ယှဉ်ကာသွားလို့
သူစိမ်းများက
ပြစ်တင်ခဲ့ရင်လည်း
ခွင့်လွှတ်ပါကွယ် ..။

ငါ့ခံစားချက်တွေ
မင်းမလို အပိုအဖြစ်
ငြိုငြင်ခဲ့တယ် ဆိုရင်လည်း
ငါချစ်ခဲ့မိတာ
ခွင့်လွှတ်ပါကွယ် .. ။

0 comments: